Sunday, March 4, 2012

ကစားရွယ်ငယ်ကတည်းက စွဲတဲ့အချစ်

ရွှေစည်းပုံ သုံးအိမ်နှောပါလို့
မယ်ရောပ မောင်နဲ့ကွယ်
ကြောက်ခမန်း
ညောင်နန်းမှာ ဝေလေလေပ
အထွေထွေ တစ္ဆေမေးပါလို့
ပြေးတဲ့အရွယ်။
အင်းမနေ မြေမနင်းရယ်နဲ့
ခေါင်းခေါက်ရင်း ထိပ်ပုတ်တယ်
စိတ်လုပ်မယ်လို့ အကြံဖြစ်။
ညအခါ
လသာသာ ဖန်တို့လို့
တန်ကို့နော် မဆိုရဲရှာဘု
ကစားရွယ် ငယ်ကတည်းက
စွဲတဲ့အချစ်။ ။


(ဦးရဲဒင်)


ဘယ်နေရာက ကူးခဲ့မိမှန်းမသိတော့ဘူး...။ ချစ်စရာ ကဗျာလေး...။

 ညောင်ပင်တစ္ဆေ ဝေလေလေ၊ အင်္ဂတေ မြေမနင်း၊ ထိပ်ပုတ်တမ်း၊ ဖန်ခုန်တမ်းကစားကြတယ်လို့ နားလည်တယ်..။ "တန်ကို့နော် မဆိုရဲရှာဘု" ဆိုတာ ဘာကို ဆိုလိုတယ် မသိဘူး..။ တန်ပါလို့ မပြောရဲဘူးလား ဘာလား..။

လမ်းထဲမှာ သူလာကစားနေကျ သူ့အရီးအိမ်ရှိတယ်။ မကစားတော့တဲ့ အရွယ်မှာလည်း သူလာလည်တတ်တယ်။ သူ့အစ်မဝမ်းကွဲက ကိုယ်နဲ့ ငယ်ငယ်တည်းက ကစားဖော်၊
သူရောက်လာလို့ တစ်ခုခု ကစားတော့မယ် ဒါမှ မဟုတ် သရက်သီး၊ သဘောင်္သီး ခူးပြီး သုပ်စားတော့မယ်ဆိုရင် ကိုယ့်အိမ်ကို လာခေါ်တတ်တယ်။
တစ်ခါတစ်လေ အခွေငှားလာပြီးကြည့်ရအောင် လာခေါ်တယ်.. ဒါပေမယ့် သူငှားလာတဲ့ စူပါမင်းကား ကိုယ်စိတ်မဝင်စား...။ ငယ်ငယ်တည်းက တော်တော်ကြီးတဲ့ထိ...။

သူ့အစ်မဝမ်းကွဲအိမ်မှာ ချက်ကာ ကစားဖို့ လာခေါ်တုံးက ကိုယ်က ဆံပင်တိုတိုညှပ်ပြီးကာစ....
"နင်ဆံပင်ညှပ်ထားတာ လှပါတယ်.. ကလေးနဲ့ တူသွားတာပေါ့ " လို့ ပြောဖူးတယ်... လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးကတည်းက နားဝင်ချိုသွားခဲ့လိုက်တာ ..ခုထိ မှတ်မိနေတုံးပဲ... ။

သူ့ကို ပြန်ပြောပြရင်
"ဘုတ်သိုက်ကို ငါက ဒီလိုပြောခဲ့ဖူးတယ်.. ဟုတ်ကဲ့လား.. အမှတ်များ မှားနေသလား.." လို့ ကိုယ့်ကို ပြန်ပြောလိမ့်မယ်...။ 

သူ့ကို လွမ်းလို့ ကလေးအိပ်တုံး လျှောက်ရေးဖြစ်နေပါတယ်...... ((ဟမ်))


5 comments:

Thandar Lwin said...
This comment has been removed by the author.
Thandar Lwin said...

ဟယ်...နာ့အချစ်ကို တနားထှာ တခါမှ အဲလို လွမ်းဘူးဘူး ((ဟမ်))

Anonymous said...

ဟိုက ရုပ်ဆိုးမလေးကို သနားလို့ ပြောတာနေမှာပါ...အသေမှတ်ထားတာကိုး...:D
mm

Vista said...

နီးတကျက်ကျက် ဝေးတသက်သက်ဆိုတာ ဒီလိုကိုး

KLNG said...

အော်ညကြိးမိုးချုပ်အစိမ်းရောင်နည့်တွေ့တာ
ထလွမ်းနေတာလားငှင်းငှင်း