Thursday, March 22, 2012

ခုတလော စားဖြစ်တာ

ရေးလက်စတွေ ဆက်မရေးဖြစ်သေးလို့ .. (အမယ်..ဝါရင့် ဘလော့ဂါကြီး ကျလို့ပဲ... အဟိ)။ ဘလော့ အသက်ဝင်အောင် ပုံတွေ တင်လိုက်ပါတယ်။

ရွှေချီနဲ့ ငှက်ပျောသီးဆနွင်းမကင်း ၊ ကျွန်မကြိုက်လွန်းလို့ မစားရတာကြာလို့ မောင်ကြီးကို တခုတ်တရ သေချာ မှာလိုက်တာ။ ရွှေပုဇွန်က..၊ ၁ဗူးကို ၂၃၀၀ ၊ စားရတာ သိပ်တန်တယ်။  ငတ်ရင် ပြန်ကြည့်ဖို့ ဘလော့ပေါ် တင်ထားတာ။

ရွာက ပေးလိုက်တဲ့ ပုဇွန်တုပ်ဟင်း၊ ရွာက မရမ်းသီးစိမ်းထောင်း၊ ဘူးသီးကြော်ချက် အရေသောက်၊ ထမင်း ၃ ပန်းကန် ကုန်တဲ့ ဟင်းပွဲမို့ အမှတ်တရ....။ဒါလည်း ငတ်ရင်ပြန် သွားရည်ယိုဖို့
သမီးမွေးနေ့က ဘုန်းကြီးကျောင်းကို စုဗူးသွားလှူပြီးအပြန် စားဖြစ်တဲ့ ပီဇာ၊ Pizza Hut လောက်မကြိုက်ဘူး ။ အအေးက နို့အေးဆိုလို့ မှာလိုက်တာ အိမ်မှာ သောက်တဲ့ နွားနို့မျိုးကြီး.... ဟင့်..။ တခါတလေမှ အပြင်မှာ စားဖြစ်တာ မို့ သိမ်းထားတာ....။

တက်တက်ပြောင်

သူမှာမယ်တဲ့
ဟိုအစ်မကြီး ဘလော့မှာ မြင်ကတည်းက စားချင်နေတာနဲ့ သမီးမွေးနေ့မှာ ဒိုးနပ်ကျွေးတယ်လေ (ကိုယ့်ကိုယ်ကိုယ်) ။
မွေးနေ့ပြီး နောက်တစ်ရက်မှာ သမီးကာကွယ်ဆေးထိုးက အပြန် စားဖြစ်တယ်။ ဈေးနည်းနည်းကြီးပေမယ့် အပိုပေး တာတွေနဲ့ ချေလိုက်ရင် ပုံမှန်ဈေးပြန်ဖြစ်သွားရော....။ အလည်က ရွှေညိုရောင်အချောင်းကလေးတွေက ချိစ်ကြော်တဲ့.. . တစ်ခါမှ မစားဖူးလို့ ။ အဲဒီနေ့ကလည်း တက်တက်ပြောင်ခဲ့တယ်။ ကျွန်မ ဒါ့ပုံရိုက်ချင်တော့ မောင်ကြီးခမျာမယ် အားရပါးရ စားလက်စကို ခဏရပ်ပြီး စောင့်ရရှာတယ်... ။ အဲသာကြောင့် အစကတည်းက သူ့ ကျွန်မ ပြောသားပဲ.. မိန်းမ မယူပါနဲ့လို့..... ။


3 comments:

မြူးမြူး said...

မရမ်းသီးစိမ်းထောင်း စားချင်ထှာ.. သွားရည်တောင်ယိုတယ်.. ဂယ်ဘဲ..

Anonymous said...

မုန်းလိုက်တာဟယ်...မရမ်းသီးထောင်းကို ပြစရာလားဟ..

mm

စိတ်၏ဖြေရာ said...

ဆနွမ်းမကင်း၊ပုဇွန်ဟင်း၊မရမ်းသီးထောင်းအားလုံး
စားချင်ပါတယ်။ဘယ်သွားရှာရပါ့။