Friday, March 23, 2012

သမီးမွေးနေ့အလှူလေးတွေ

သမီးမွေးနေ့က ဓာတ်တော်တိုက်ဘုန်းကြီးကျောင်းက နိဗ္ဗာန်စုဗူးလေးသွားလှူဖြစ်တယ် ။ ကျောင်းက စုဗူးလေးတွေပေးလိုက်ပြီး ၃ လ တစ်ကြိမ် ပြန် collect လုပ်တယ်။ ဒီတစ်ခါ ၃ လ မပြည့်သေးပဲ သမီးမွေးနေ့မှာပဲ သွားပို့လိုက်တယ်။ အကြွေတွေချည်းပဲ S$162 ရတယ်။
သမီးမွေးနေ့မှာ အမှတ်တရ သွားလှူလိုက်တာ။

တစ်ချိန်တည်းပဲ ရွာက ဘိုးဘွားရိပ်သာမှာ တစ်နေ့စာ  လှူဖြစ်တယ်။ ရွာက အဘိုးရယ်၊ အဘွား ၂ ယောက်ရယ် သမီးရဲ့ ကြီးကြီးတွေ ဘဂျီးတွေက ဝေယျာဝစ္စ သွားလုပ်ပေးကြတယ်။  သမီးရဲ့ဝမ်းကွဲအစ်ကို အစ်မတွေ အဲဒီနေ့က သိပ်ပျော်ကြတယ်တဲ့။
အလှူ့ရှင် အစ်မကြီးမှုံ

Add caption




ရွာမှာ အသုဘတွေကို မီးသဂြိုဟ်စက်ထဲထည့် အခမဲ့ မီးသဂြိုဟ်ပေးနေတဲ့ သုဗြဟ္မစာရီအဖွဲ့ကို ၃ သိန်းလှူဖြစ်တယ် ၊ ကိုယ်တတ်နိုင်သလောက်ပါ ။ နိဗ္ဗာန်ယာဉ် ၊ အသုဘ ကနားဖျင်းနဲ့ ပလတ်စတစ်ခုံ အခမဲ့ကူညီတဲ့ အသင်း (ဟိတကာရီ)မှာ အလှူငွေ အတော်အသင့် လုံလောက် တယ်ဆိုတာ သိရလို့ ရန်ပုံငွေနည်းတဲ့အဖွဲ့ကို ပဲ ရွေးလှူလိုက်တော့တယ်။
ဓာတ်ပုံ ကျော်ဇင်ဝင်း(သုဗြဟ္မစာရီအသင်းသား)

ဓာတ်ပုံ ကျော်ဇင်ဝင်း(သုဗြဟ္မစာရီအသင်းသား)

ဓာတ်ပုံ ကျော်ဇင်ဝင်း(သုဗြဟ္မစာရီအသင်းသား)

ဓာတ်ပုံ ကျော်ဇင်ဝင်း(သုဗြဟ္မစာရီအသင်းသား)
သမီးလေးမွေးနေ့အမှတ်တရ သမီးလေးကုသိုလ်ရအောင် ဖေဖေနဲ့မေမေက လိုအပ်မယ် ထင်တဲ့နေရာလေးတွေကို တတ်နိုင်သလောက် လှူခဲ့ပါတယ်။ ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ်အစုစု ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြဖို့  ဘလော့ လာဖတ်ကြ တဲ့ မေမေ့မိတ်ဆွေတွေကို  အမျှပေးဝေပါတယ်။

မြန်မာပြည်မှာ လှူဖို့လိုအပ်နေတဲ့နေရာတွေ ပြောမကုန်နိုင်အောင် များလှပေမယ့် ကိုယ် တတ်နိုင်သလောက် လှူဖြစ်တဲ့ အချိန်မှာ ဒေသစွဲနဲ့ ငါ့မြို့၊ငါ့ဒေသက လူတွေ ကောင်းဖို့ အရေးကို အရင်တွေးပြီး ကိုယ့်မြို့ကိုပဲ ပြန်ပြန် လှူဖြစ်နေတာ များတယ်။ သမီး ၁ နှစ်ပြည့် ရင်မွေးနေ့ အထိမ်းအမှတ်နဲ့ လှူမယ်လို့ စိတ်ကူးထားတာ သမီး ၆ လသမီးလောက် ကတည်း ကပါ။ ကိုယ်က အများကြီးလည်း မလှူနိုင်သူမို့ ဘယ်နေရာမှာ အမှန်တကယ်လိုအပ်နေလဲ ရွာကလူတွေကို လှမ်းမေးပြီး စဉ်းစားပြီးမှ လှူဖြစ်တယ်။ မလှူခင်၊ လှူနေချိန်၊ လှူပြီး တကယ်ကို စိတ်အားထက်သန် ပီတိဖြစ်ခဲ့ရတဲ့ အလှူသေးသေးလေးပါ။ 

ပင်ပန်းပြီး ဘုန်းကြီးကျောင်းမှာ ခြေပစ်လက်ပစ် အိပ်ပျော်သွားရှာတဲ့ သမီးကလေး

4 comments:

Min said...

သာဓု သာဓု သာဓု ပါ ။

Anonymous said...

သာဓု သာဓု သာဓု။
ကလေးမွေးနေ့မှာ ဒီလိုကုသိုလ်ကောင်းမှုလေးတွေ လုပ်လုပ်ပေးတဲ့ စိတ်ကူးလေး ကောင်းလိုက်တာ။ ကလေး နည်းနည်းကြီးလာ၇င် ဒါတွေ သူ ပြန်ကြည်နူးနိုင်ပြီး တစ်သက်လုံးလဲ မွေးနေ့ဆို အလှူဒါနပြုဖို့ ကောင်းတဲ့အကျင့်ရသွားတာပေါ့။

Anonymous said...

ကလေးလေးက တစ်အားချစ်ဖို့ကောင်းတာဘဲ.. မ pifpif နဲ့ ဒီဘလော့ဂ်နဲ့ကို ကလေးလေးပုံတွေမှ တွဲမိတော့တယ် :D

တီချမ်း said...

လစ်စသတ်တော့ စင်ဒလား ကိုး

သမီးကလေးက အိပ်နေတာ ချစ်စရာလေး