Tuesday, May 22, 2012

မဝင်းခိုင်နှင့် ကွမ်းရိုး

သမီးအကြောင်းတွေ အဓိကရေးနေတာဆိုတော့ သမီးရဲ့ဝမ်းအကြောင်းကို မှတ်လည်းထားချင် လာဖတ်ဖြစ်မယ့် လူတွေ ကိုလည်း အားနာ......... အားနာနာနဲ့ပဲ ရေးမှတ်ထားလိုက်ပါတယ်။ ရွံတတ်ပါက ဆက်မဖတ်ကြပါနဲ့နော်.... :D ။

သမီးမွေးပြီးကတည်းက ဝမ်းပုံမှန်သွားပါတယ်။ မွေးကာစက ဝမ်း ခဏခဏသွား၊ ကြီးလာတာနဲ့ အမျှ ဝမ်းသွားတဲ့ အကြိမ်နည်းလာ..၊ တဖြည်းဖြည်းလူကြီးတွေလို တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်ပဲသွား.. အားလုံး ပုံမှန်ပါ...။ ကိုယ်ဖြစ်စေချင်တဲ့ "အိပ်ယာထ ၊ သွားတိုက်၊ မျက်နှာသစ်၊ ကျောင်းသွား"ဆိုတဲ့  သူငယ်တန်း ဖတ်စာထဲကလို  "အိပ်ယာနိုး ၊ ဝမ်းသွား၊ အမေပြင်ထားတဲ့ မနက်စာစား၊ ကစား၊ ရေချိုး၊ နေ့လည်စာစား၊ တစ်ရေးအိပ်.. " ဆိုတာမျိုး မျှော်လင့်ထားလို့တော့ မဖြစ်ပေဘူး...။ အချိန်ရော၊ အကြိမ်ရော ပုံမှန်မဟုတ် ပါဘူး..။ တစ်နေ့တည်း ၂ ခါ ၊ ၃ ခါ သွားတတ်သလို၊ တခါတလေ ၂ ရက်၊ ၃ ရက်နေမှ တစ်ခါ သွားတာမျိုးလည်း ရှိပါတယ်။ ကလေးငယ်တွေ ၂ ရက် ၃ ရက်လောက် ဝမ်းမသွားပဲ နေတာ စိုးရိမ်စရာ မဟုတ်ဘူးလို့ ဖတ်ဖူးထားတဲ့ စာတွေ့မကြီး ကျွန်မ ကတော့ သိပ်မစိုးရိမ်ပါဘူး..။ သမီးစားတဲ့ အစာပေါ် မူတည်ပြီး လွယ်လွယ်သွားတတ်သလို တခါတလေလည်း ညှစ်နေတာ တွေ့ရပါတယ်။ 

ဒီတစ်ခါတော့ သမီးဝမ်းမသွားတာ ၃- ၄ ရက်ကြာလာတယ်။ ခါတိုင်း သမီးဝမ်းမသွားတာ ၃ ရက်လောက်ကြာရင် ကျွန်မက ကွမ်းရိုးနဲ့ ဝမ်းချူမယ်လို့ သူ့အဖေကို ပြောလိုက်တဲ့နေ့ဆို သမီး ဝမ်းသွားတာပဲ...။ ၄-၅ ခါလောက် တိုက်ဆိုင်တယ်။ ဒီတစ်ခါတော့ မသွားဘူးဗျ။ 

Juneone Blog မှာလည်း Edwin ဝမ်းချုပ်တဲ့ အကြောင်းရေးထားချိန်နဲ့ တိုက်ဆိုင်နေတယ်။ သမီး ညည လည်း ကောင်းကောင်းမအိပ် ထ ထ ငိုနေတော့ ဗိုက်ထဲက မရှင်းလို့လားလို့ ထင်မိတယ်။ ၅ ရက်မြောက်နေ့မှာ မန်ကျည်းမှည့်ကို ထန်းလျက်ရည်၊ သကြား၊ ဆားတွေနဲ့ ရောစိမ်ပြီး ဇကာနဲ့ စစ်ထားတဲ့ ဖျော်ရည် တိုက်ကြည့်တယ်။ သမီးက ပထမဆုံး တစ်ဇွန်းပဲ သောက်ပါတယ်။ တစ်နေ့လုံး စိတ်ရှည်ရှည်ထားပြီး တိုက်ပေမယ့် နောက် တစ်ဇွန်းလောက်ပဲ ဝင်ပါတယ်။ ဝမ်းမသွားသေးဘူး..၊ လေတော့ခဏခဏလည်တယ်...။ ဝမ်းမသွားတာ ကြာလို့လားမသိ .. တော်တော် အနံ့မွှေးပါတယ် :P ။ အနံ့ပြင်းလွန်းလို့ ပါလိုက်ပြီထင်လို့တောင် ဒိုင်ပါ ချွတ်လဲလိုက်သေးတယ် ..။ 


၆ ရက်မြောက်နေ့မှာ အိမ်နားက ကုလားဆိုင်က ကွမ်းရွက်သွားဝယ်တယ်။ အညှာ ပါတာရွေးပေး ဖို့  ပြောရပါတယ်။ ကွမ်းရွက် ၄ ရွက်ကို ပြား ၂၀ ပါ။ (ကုလားတွေလည်း ကွမ်းရွက်ကို ဆေးမြီးတို (ဆေးနည်းတို) အဖြစ် သုံးတတ်လားမသိ။ ကျွန်မ ကွမ်းရွက်ဝယ်ရင် ကလေးဖို့လားလို့ မေးတတ်ပါတယ်)။


ကွမ်းရိုး(ကွမ်းရွက်အညှာ) ကို ဝမ်းချုပ်တဲ့ ကလေးအတွက်ဆေးအဖြစ်သုံးနိုင်ကြောင်း  ကြားဖူးပြီး တစ်ခါမှ မလုပ်ဖူးဘူး... June One ကို လှမ်းမေးရကောင်းမလား စဉ်းစားပြီးမှ မမေးဖြစ်ဘူး...။


အီးအော်ပရေးရှင်း အတွက် ရင်တဖိုဖိုနဲ့ ပြင်ဆင်ပါတယ်။ ရင်ဖိုရတာက ကလေးက ငြိမ်ငြိမ်မှ ခံပါ့မလား၊ အီးတွေ ချက်ချင်း ပါချရင် ကျွန်မ တစ်ကိုယ်လုံးပေပွကုန်ရင် အခက်၊ တစ်ခါမှ မလုပ်ဖူး၊ မမြင်ဖူးတော့ ဘာဖြစ်မလဲ တွေးပြီး ရင်ထိတ်နေတာ..။ ကလေးကို ငိုမယ့်ဟာ တစ်ခုခုလုပ်တော့မယ်ဆိုရင် အသာ ရှောင်ထွက်နေကျ သူ့အဖေက ထုံးစံအတိုင်း အဝတ်လှမ်းမယ့် အကြောင်းပြချက်နဲ့ လစ်ဖို့ပြင်တာကို အမိအရ လှမ်းဖမ်းရသေးတယ်..။ 


ချက်ချင်း ပါချရင် ဆေးရလွယ်အောင် ဖော့ပြားတွေခင်း၊ စက္ကူတစ်ရှုး၊ Wet Tissue ၊ ကလေးဆေး အဖြစ် ဆောင်ထားတဲ့ နှမ်းဆီပုလင်း၊ ကလေးကို အာရုံပြောင်းပေးဖို့ ဟန်းဖုန်း၊ အဓိက ဇာတ်လိုက်ကျော် ကွမ်းရိုး အားလုံး အဆင်သင့်ပြင်ပါတယ်။ ကျွန်မရဲ့ လက်တွေရယ် သုံးမယ့် ကွမ်းရိုးရယ်ကို သေချာ စင်အောင်ဆေး၊ ကလေးကို ကျွန်မတင်ပျဉ်ခွေပေါ် မှောက်ခိုင်း၊ သူ့စအိုကို နှမ်းဆီသုတ် ၊ ကွမ်းရိုး ကို နှမ်းဆီသုတ် (လျှောလျှောလျူလျူဖြစ်အောင် ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆီသုတ်လိုက်ခြင်း) ။ ကလေးက ဖုန်းကို စိတ်ဝင်စားနေတုံး စအိုထဲကို ကွမ်းရိုးလေး နည်းနည်း ဝင်အောင်သွင်းပြီး လှည့်လိုက်ပါတယ်.. (အဲဒီအချိန် ရင်တွေ ခုန်နေလိုက်တာ တအား) ။ ကလေးက တစ်ချက်တွန့်သွားပြီး အော်ငိုတယ်။ နာလို့လား၊ လန့်လို့လားတော့ မသိ။ ကျွန်မက နောက်တစ်လှည့်လောက် လုပ်ချင်ပေမယ့် သူ့အဖေက တားလို့ ရပ်လိုက်ပြီး ကလေးကို ဒိုင်ပါတွေ ဘာတွေ ပြန်ဝတ်ပေး၊ ပြန်ဆော့ခိုင်းပါတယ်။


ကွမ်းရိုးက စွမ်းပါတယ်...။ ၁၀ မိနစ်လောက်နေတော့ သမီး အီးညှစ်နေတာ မြင်တယ်။ မနက်ပိုင်း နည်းနည်းလေး တစ်ခါ၊ ညပိုင်းကျတော့ တစ်ခါ အောင်းထားသမျှ အားလုံး ဝမ်းသွားပါတယ် ။ နောက်တစ်ရက်က စပြီး ပုံမှန်အတိုင်း ပြန်သွားပါပြီ...။ 


ကွမ်းရိုးက လသားကလေး ဝမ်းချုပ်တာလည်း သုံးလို့ ရတယ်တဲ့။

ထည့်ရေးဖို့ မေ့သွားတယ်.. သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ ဒိန်ချဉ်၊ အကုန်ကျွေးတယ်..သမီး မစားဘူး။ သူက အစားနဲ့ ကုလို့ မရဘူး..အကုန်ငြင်းလို့ ....

10 comments:

Thandar Lwin said...

http://kimonobox.com/post/en/936/everybody-enjoys-yakult/

တို့ ကတော့ ညတိုင်းဒိန်ချဉ် တိုက်တယ် ။ အပေါ်က တံဆိပ်လို့ ပြောတာဟုတ်ဘူး အဲလို ဘူးလေးတေ လို့ ပြောတာ...

Anonymous said...

ဒို့သမီးလေးကိုတော့ သင်းဘောသီးနေ့တိုင်းကျွေးတယ် .. တခါတလေ prune juice တိုက်တယ်

@thandar lwin,
ဒိန်ချဉ်က ဘယ်တဆိပ်လဲဆိုတာ ပြောပြပါလား NTUC မှာဝယ်လို့ရလား .ကျေးဇူး :)

juneone said...

ကွမ်းရိုးကစွမ်းတယ်။EDWIN ငယ်ငယ်ကလဲ မနဲလိုက်ရှာရတယ် အရိုးပါတဲ့ ကွမ်းရွက်။၂နှစ်မကျော်မချင်း ၀မ်းချူတောင့်မသုံးသင့်ဘူး(ကြားဖူးတာ)။EDWIN ကတော့ ဒိန်ချဉ် လဲ အေးဆေး ၁ခါသောက် ၃ ဘူး။ကျဲလို့ မစွမ်းသလားလို့ အပျစ် ၀ယ်တိုက် ဒီအတိုင်းပဲ။ကျောင်းတွေကတော့ VITAGEN LESS SUGAR (ဒိန်ချဉ်)ကို တိုက်တယ်။မှုံမှုံ ကိုတိုက်ကြည့်ပေါ့ ကြိုက်လားလို့။အိမ်ကသမီးကတော့ မကြိုက်ဘူး။

NSA said...

ထည့်ရေးဖို့ မေ့သွားတယ်.. သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ ဒိန်ချဉ်၊ အကုန်ကျွေးတယ်..သမီး မစားဘူး သူက အစားနဲ့ ကုလို့ မ၇ဘူး..အကုန်ငြင်းလို့

NSA said...

22 May 12, 03:27 PM
မောင်ဝေး: ဟာ.. ဒီမယ်ဆင်မှာ ပေါက်ပေါက်ရှာရှာ laxative chocolate တွေ suppositories for babies တွေရှာဝယ်လို့မရဘူးလားဟ? ကွမ်းရိုးတွေနဲ့ ဒုက္ခပါပဲနော်။ ပြား ၂၀ ပဲကုန်ကျတယ်ဆိုတာတော့ကောင်းပါတယ် သက်သာတာပေါ့နော်။

ဆေးနာမည် မှတ်ထားချင်လို့ စီဘောက်စ်က မ လာတာ

Anonymous said...

လူကြီးရော...ကွမ်းရိုး က စွမ်းသလားဗျို့ :D

Thandar Lwin said...

အပေါ်က မေးထားတဲ့ Anonymous ရေ ..ဟေမာ့ ကိုတိုက်တာ Vitergen (Less Sugar) ပါ ။ တို့ကတော့ ရှော့ အင် ဆေ့ မှာဝယ်တာ အန်တီယူစီ မှာလဲ ၀ယ်ရမယ်ထင်ပါတယ်။

Anonymous said...

နင်လဲ အတော်ကို..အမေဖြစ်လာပြီပဲ ကောင်းလေစွ ကောင်းလေစွ..

mm

:P said...

အလို..နည်းနည်းပါးပါးအမေ ရယ်လို့ ရှိသေးသလား။. ဒေါ်မက်မွန်.. သာဓု သာဓု

Thandar Lwin said...

စင်စင် ..ဘလော့လေး ဒီဇိုင်းပြောင်းလိုက်တာမသိဘူး ..သဘောကျတယ် သပ်သပ်ရပ်ရပ်လေး ..ညက မှ ဟေမာ အတွက် ကာကွယ်ဆေးဖတ်ဘို့လာရင်းသိသွားတာ မဖတ်ရသေးတာတွေ လဲအများကြီး..တို့ဆီမှာ လင့်အသစ်မပေါ်ဘူး..