Wednesday, June 27, 2012

သစ်ပင်

အရင် ၂ ပတ်ကစလို့ သူမရှိတော့ဘူး.. ..မြေလှန်ပြီး အမြစ်တွေပါ တူးထုတ် ခံလိုက်ရရှာပြီ..။

စိမ်းမြနေတာပဲ။


ပုရစ်ဖူး ဆိုတာ များလား...

ဥသြ..ဥသြ လို့ လာအော်နေကျ ငှက်ဝါလေး ... နေရာသစ်ကိုပြောင်းသွားပြီလား.... ။

သူကလေးရဲ့ နားခိုရာ...။
တစ်ညမှာ မိုးရွာလားလို့ ပြတင်းပေါက်က ကြည့်တုံး..သစ်ပင်ကြီးရဲ့ အကိုင်းမှာ အိပ်တန်းတက်နေတဲ့ ငှက်ကလေး ၂ ကောင်တွေ့လိုက်သေးတယ်။  တစ်ကောင်နဲ့ တစ်ကောင် လည်ချင်းယှက်ထားကြတယ်။ ဓာတ်ပုံရိုက်လိုကပေမယ့် မှောင်မဲမဲမို့ မမြင်ရဘူး...။ အခု သူတို့လည်း ဘယ်များသွား အိပ်တန်းတက်နေကြပြီလဲ ....။ 

သူမရှိတော့ ဧည့်ခန်းက နေ့ဘက်ဆို တအားပူတယ်။ အရှေ့တိုက်နဲ့လည်း ထုတ်ချင်းပေါက် လှမ်းမြင်နေရတာ စိတ်ညစ်စရာ ...။ 

နင့်နာမည်လေးတောင် ငါ မသိရသေး.....နင်က မရှိတော့ဘူး.....နှုတ်ဆက်လိုက်ပါတယ်..သစ်ပင်ကြီးရေ......

1 comment:

JuneOne said...

အောက်ထပ်ကလူတွေ ကွန်ပလိမ်းတတ်လို့နေမှာပေါ့။သစ်ပင်နဲ့နီးတော့ ခြင်လာတယ်တို့ဘာတိုပ။