Monday, November 12, 2012

ထိခိုက်မိ၍ အာလူးသီးသော်

အရင်တပတ်က သမီးနဖူးနဲ့ တံခါးဘောင်စောင်း ဆောင့်မိတယ်။ ကလေးမနိုးခင် ဟင်းချက်နေ၊ ကလေးနိုးပြီး အသံကြားတော့ ပြေးလာချော့.. ကလေးနဲ့ နေတုံး ဟင်းအိုးသတိရ၊ ကလေးကို "ခဏနေခဲ့အုံးနာ်..မေမေပြန်လာမယ်" လို့ မှာခဲ့ပြီး   မီးပိတ်မယ်လို့ ပြေးသွားတာ၊ ကလေးက ကျွန်မနောက်လိုက်လာတာ..အိပ်ချင်မူးတူးနဲ့  တံခါးဘောင် ဝင်တိုက်ပြီး ဆောင့်မိတယ်။
အရှိန်ပြင်းသွားတယ်ထင်တယ်..။ နီညိုရောင် ဘုသီးအကြီးကြီး ချက်ချင်း ထွက်လာတယ် ။ သူ ဆောင့်မိတော့ ဒေါင်ကနဲအသံ မီးဖိုထဲကတောင် ကြားရတယ်။


ချင်ချင်းယောင်တက်လာတဲ့ သပြေသီးမှည့်ရောင် အာလူးသီးကြီးကို ကြည့်ပြီး ကျွန်မ ခြေမကိုင်မိ လက်မကိုင်မိဖြစ် ..  အော်ငိုနေတဲ့ကလေးကို ရင်ခွင်ထဲပွေ့ထားပြီး ကိုယ်ပါ ငိုမလိုလိုဖြစ်လာရော.. ။ ဆေးခန်းပဲ ထ ပြေးရတော့မလိုလို.. ကျပ်ထုပ်ထိုးပေးတော့လည်း နာနေတဲ့ကလေးက အထိမခံ ဘူး..။ မောင်ကြီးကို လှမ်းဖုန်းဆက်ပြီး ဘာလုပ်ရင်ကောင်းမလဲ အကြံတောင်းတော့ သိတဲ့လူတွေကို ဘာလုပ်ရမလဲ အလျင်မေးကြည့်ပါအုံးလို့ ဆိုတယ်။


Facebook မှာ status ရေးတင်ပြီးမေး၊ ကိုယ်ဝင်ထားတဲ့ group တိုင်းမှာ ကော်ပီကူးတင်ပြီးမေးလိုက်တယ်။ ကျွန်မရေးတာမြင်တဲ့ သူငယ်ချင်းက ဖုန်းလှမ်းဆက်ပြီး ရေခဲအိတ်ကပ်ပေးဖို့ ပြောလာတယ်..။ အဲဒီတော့မှ သမီးလေး လသားအရွယ် ကာကွယ်ဆေးထိုးတုံးက ပေါင်က အကျိတ်မာမာကြီးကို ရေခဲအိတ်ကပ်ရတာ သတိရသွားတယ်..။ Freezer ထဲကရေခဲတုံးလေးတွေကို သမီးမွေးပွပုဝါသေးသေးလေးနဲ့ ပတ်ပြီး အသာကပ်ပေးရတယ်..။ အစပိုင်းတော့ သမီးအကပ်မခံဘူး ငိုတယ်..။ နောက်တော့ ဖုန်းတွေ အိုင်ပက်တွေ ပေးဆော့ပြီး သူတခြားစိတ်ဝင်စားနေတုံး ၁ နာရီလောက် ဆက်တိုက် ကပ်ပေးလိုက်တာ သပြေသီးမှည့်ရောင်ကနေ အရောင်ဖျော့လာတယ်။ ယောင်နေတဲ့  ဧရိယာလည်း ကျဉ်းသွားတယ်။


ကလေးသက်သာလာမှ ကွန်ပြူတာတစ်ချက်ကြည့်မိတော့ အကြံပေးထားတဲ့သူတွေ၊ အတွေ့အကြုံတွေ ဝေမျှထားတဲ့ သူတွေရဲ့ ကောမန့်တွေကို ဖတ်ရပါတယ်။ ကျွန်မနဲ့ သိသိ၊ မသိသိ ဝင်အကြံပေးသွားသူအားလုံး တကယ်ပဲ ကျေးဇူး တင်ပါတယ်။ အဲဒီထဲက ကျွန်မ မှတ်ထားချင်တဲ့ အတွေ့အကြုံတချို့ကို ဘလော့ကိုကူးယူလာပြီး မှတ်ထားတာပါ။  တချို့က ခပ်တိုတို၊ တချို့က အသေးစိပ်နဲ့  အားလုံးဟာ မှတ်သားရမယ့် အကြံတွေ ပေးသွားကြပါတယ်။ စာကြောင်းတွေ ထပ်နေမှာစိုးလို့ ကောမန့်အားလုံးကို မကူးတော့ပဲ အသေးစိပ်ကောမန့် တွေကိုပဲ ကူးတင်လိုက်ပါတယ်။ နာမည်ထည့်မကူးဖြစ်သော်လည်း ကျွန်မပျာနေချိန်မှာ ဝိုင်းအကြံပေးကြသူ အားလုံးကို ကျေးဇူးတင်လျှက်ပါ။

Facebook လူမှုကွန်ယက်ကိုလည်း ကျေးဇူးတင်ရမယ်..။ ဒိမတိုင်ခင် ၁ ပတ်လောက်ကစပြီး ကျွန်မ FB အကောင့် Deactivate လုပ်မယ်ကြံနေတာကို ဖျက်သိမ်းလိုက်တယ်။ သူ့ကြောင့် အချိန်မကုန်စေပဲ သူ့သုံးပြီး အကျိုးရှိအောင်လုပ်မယ်လို့......(စိတ်ကူးထဲမှာပါ။ )  :P


မူလလက်ဟောင်း ကလူသစ် ရေခဲအိတ်ကပ်ပေးပါ။ အန်ရင် ဆေးရုံပြေးပါ။

သက်ဝေ ဖြစ်ဖြစ်ချင်း ရေခဲကပ်ပေးရင် အရောင်ကျတယ်။ အနာသက်သာအောင် ကာပေါဖြစ်ဖြစ်၊ ပါရာစီတမောလ်ဖြစ်ဖြစ်တိုက်ထားပါ။

Shwe Gyan ziploc လို အိပ်ထဲမှာ ရေခဲထည့်ပြီးကပ်လည်းရတယ်။ ရေခဲအလွယ်မရှိရင် freezer ထဲက ခဲနေတဲ့ အသီးအရွက်ထုပ်တစ်ခုခု ကပ်လည်းရတယ်

Kyi Kyi Khin အခုနည်းသစ်က ဘာပဲဖြစ်ဖြစ် ရေခဲနဲ့ ကပ်ဖို့ပဲ။ သူက သွေးကြောတွေ အာရုံကြောတွေကို အေးပြီး လှုပ်ရှားမှုနည်းသွားစေတယ်။ ဒီတော့ သွေးထွက်မယ့် အရာ သွေးကြောပေါက်မယ့်အရာ စတာတွေကို နည်းသွားစေသလို ယောင်ယမ်း နာကျင်မှုကိုလဲ သက်သာစေတယ်။ အမက အခုမှ ဖတ်မိလို့ လာမပြောနိုင်တာခွင့်လွှတ်ပါ မယ်စင်။

Mie Nge အဲလို ဗူးသီးထွက်တာမျိုးရယ် သွေးထွက်တာတွေရယ်က လတ်တလော ချက်ချင်း ရေခဲအုပ်တာက အကောင်းဆုံးဘဲ စင်စင် .. ရိုးရိုးကြပ်ပူထိုးပေးတာထက်ပိုထိရောက်တယ် ဗူးသီးက သေးရင် ကြပ်ပုလောက်ထိုးပေးလို့ရပေမယ့် ကြီးတာကျတော့ ရေခဲမှပိုကောင်းတယ်
 အိမ်မှာ အမြဲတမ်း လေ ခလေးတွေသောက်တဲ့ အလူမီနီယံအထုပ်လေးတွေ ပိုက်ပါ ပါတဲ့ အအေးထုပ်လေးတွေ ( ဒီမှာတော့ ကက်ပရီဆန်း တံဆိပ်မျိုးရှိတယ် ) အဲမှာရှိရင် ရေခဲသေတ္တာထဲသာ ထည့် ခဲ ထားရင် အဆင်ပြေတယ် အပြင်သွားရင်ဘဲဖြစ်ဖြစ် အဲ အအေးထုပ်ခဲတာလေး ယူသွားရင် အကယ်လို့ ဖွ မပြောကောင်းပြောကောင်း အဲလို ဖြစ်ခဲ့ရင် ရေခဲရှာစရာမလိုတော့ဘူး အဆင်ပြေတယ် ..
 မှုံလေး ဘုသီးက သေးဦးမှာ အမ မိတ်ဆွေခလေး ရန်ကုန်မှာ ရ ပေအမြင့်လောက်က နေ သံပန်တလင်းပေါ်ကျသွားလို့ ဘုသီး အကြီးကြီး ထွက်တာတောင် ဦးနှောက်အာရုံကြောဆေးရုံက ရေခဲဘဲ အုပ်ခိုင်းတယ် အဲ ဒါနဲ့ဘဲ သက်သာသွားတယ် .... နောက်ပြီး အမ သမီး ပန်းခြံထဲ စက်ဘီးတိုက်တုန်းကလည်း အမက အဲ တုန်းက အပေါ်မှာပြောတဲ့ အအေးထုပ်လေး ပါသွားတော့ ( ခလေးကလည်း မသောက်ရသေးတော့ ရှိနေသေးလို့  ) သွေးတွေထွက်တာ အေးခဲနေတဲ့ အဲအအေးထုပ်လေးနဲ့ ကပ်ပေးလိုက်တာ သွေး ထွက် ရပ်သွားတယ် နောက်တော့ ဆေးရုံသွားပြီး ၅ ချက်လောက် ချုပ်လိုက်ရတယ် ... ခလေးအမေဆိုတော့ ကိုယ်ချင်းစာပါတယ် အမ အခုမှ အွန်လိုင်းတက်ဖြစ်လို့ ဆောရီးပါ ။


အပေါ် ၂ ပုံက အာလူးသီးပြီးကာစ၊ အငိုတိတ်လိုတိတ်ငြား ဖုန်းက Front camera ဖွင့်ပြ၊ ဓာတ်ပုံရိုက်ပေးတော့ အာရုံပြောင်းသွားပြီး တိတ်သွားတယ်။ အောက်ပုံ ရေချိုး၊ သနပ်ခါးလိမ်းပြီးတာတောင် အာလူးသီးက ထင်းထင်းကြီးပေါ်လို့ :-(

သမီးလေး နဖူးက ဘုကြီးက ၄-၅ ရက်ကြာတဲ့ထိ ရှိနေတုံး.. သူ့ခမျာမယ် တော်တော်နာရှာမယ်..။ ကလေးဆိုတော့ မေ့မေ့ပျောက်ပျောက်နေတတ်လို့သာပဲ ။ ကျွန်မ မနေ့က တံခါးစောင်းနဲ့ နဖူးဆောင့်မိတာ သမီးလောက် အရှိန်မပြင်းတာကို ထိမိရင် နာပြီး အဲဒီနေရာလေးပဲ တစမ်းစမ်းလုပ်နေတာ...။ ကလေးခမျာ ဘယ်လောက်နာလိုက်ရှာလေမလဲပဲ တွေးမိနေတယ်။

အခု ဒီစာရေးချိန်တော့ သမီးလေး ဘုက ယောင်ယောင်လေးပဲ ကျန်ပါတော့တယ်။

လေဘယ်လ်ကတော့ ကျန်းမာရေးပဲ တပ်လိုက်တော့တယ်။

7 comments:

သက်ဝေ said...

ဖဘ ဆက်သုံးဖို့ အကွက်ကောင်းပဲ... (((((ဟမ်))))

Thinzar said...

မှုံလေးသနားပါတယ်။ သဉ္ဖာတို့ ငယ်ငယ်ကတော့ အဖွားက အဲလိုအာလူးဘူးသီးရင် ကြက်ဥပြုတ်၊ ပူတုန်း အခွံခွာပြီး ကြက်ဥပြုတ် နွေးနွေးလေးနဲ့ လှိမ့်ပေးတယ် (တရုတ်နည်းထင်တာဘဲ)..

AMK said...

မှုံလေး ဖုကြီး ကြီးတာ..တော်သေးသေးသွားလို့ 

Thandar Lwin said...

မှူံလေး သနားပါတယ် ..
အရင်တုန်းကတော့ တခုခု ဆို အာငွေ့နဲ့ ကျပ်ထုတ်ထိုးတာ ..အခုတော့ ရေခဲ နဲ့ အုပ်ပေးတာဇြစ်သွားဘီ ..မှတ်ထားရမယ်။

mstint said...

ခေါင်းစည်းလေးဖတ်လိုက်ကထဲက ထင်တဲ့အတိုင်း မှုံလေးဖြစ်တာပဲကိုး လူကြီးကိုပဲ ရိုက်ရမယ် :P
မျက်လုံးထဲမြင်ယောင်မိတယ် ခိုက်မိတာဖြစ်ဖြစ် အပူလောင်တာဖြစ်ဖြစ် ရေခဲကပ်တာ အကောင်းဆုံးပဲ စင်စင်ရေ။ တစ်ခုခုဖြစ်ရင် ကိုယ်တိုင်က အရမ်းကြီးစိတ်လှုပ်ရှားရင် အလွဲလွဲအချော်ချော်ဖြစ်တတ်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

JuneOne said...

စတေးတပ် ကိုတွေ့တုံးက ဘု အဲလောက်ကြီးမယ်မထင်ဘူး။အက်ဝင်ငယ်ငယ်တုန်းကတစ်တောင်အကွာ ပုခက်ပေါ်က ပြုတ်ကျဖူးတယ်..ဘာမှတော့မဖြစ်ဘူးရီနေတယ်..၅လ ၆လလောက်က...ကိုယ်က ခေါ်င်းထိသွားလား စိုးရိမ်နေတာ...သူပြုတ်ကျချိန်မှာ ကိုယ်က မီးဖိုထဲမှာ..ဘုအကြီးကြီးတော့ မထွက်ဖူးဘူး...သေးသေးထွက်လာရင်တော့ ဒီတိုင်းထားလိုက်တာပဲ..နှတ်ခမ်းတော့ ခဏ ခဏ ပေါက်ဖူးတယ်..နှတ်ခမ်းပေါက်ရင် သကြားသိပ်ပေးရတယ်ဆိုလို့ ထည့်ပေးတာတော့ သက်သာတယ်...

လရိပ်အိမ် said...

ဘုသီးအကြီးကြီးဘဲတော့ မှုံလေးတော်တော်နာမှာဘဲ။ သနားပါတယ်။