2007 Dec 2 ရက်နေ့က စလို့ အတူတူရှိခဲ့၊ အရာရာကို မျှဝေခဲ့၊ ခံစားခဲ့၊ တခါတရံလည်း "လျှာနဲ့သွား" ဖြစ်ခဲ့ကြတာ ဒီနေ့ 2012 Dec 2 ရက်နေ့မှာ ၅ နှစ်သက်တမ်းတိုင်ခဲ့ပြီ။
(အတူတကွ ရှိခဲ့လို့ ချရေးပြီးမှ အတူ ကို တကွ ဖျက်နေတယ်ထင်လို့ အတူတူရှိခဲ့ လို့ ပြောင်းရေးလိုက်တယ်.......အဟဲ ) ။
"လူ့ အကြောင်း ပေါင်းမှသိ" ဆိုတဲ့ ရှေးစကားများ တယ်မှန်ပေတာပဲ ။
- သူ့ကို မူလတန်းကျောင်းသားဘဝထဲကစ ပေါင်းလာလိုက်တာ (ကစားဖော် ၊ကစားဖက်၊ သူငယ်ချင်းပေါင်း ပေါ့လေ.. :D )
- တက္ကသိုလ်တွေ တက်ရတော့ ကျောင်းစရိတ်ရအောင် ရွာမှာ ကျူရှင်ကျောင်းကလေး အတူတူဖွင့်ကြတော့ လုပ်ဖော်ကိုင်ဖက်အဖြစ် ပေါင်းခဲ့သေးတယ်။ (အတူတူဖွင့် ဆိုတာ သူ ဦးဆောင်ပြီး ဖွင့်ထားပြီးသား၊ သူ့နာမည်ထွက်တဲ့ကျောင်း မှာ ကျွန်မက အခန့်သင့် ဝင်သင်၊ ပိုက်ဆံရှယ်ယာ ဝင်ခွဲတာပါ)
- ကျောင်းပြီးအလုပ်ဝင်တော့ သမီးရည်းစားပေါင်း ပေါင်းခဲ့ ( သူ တစ်နိုင်ငံ၊ ကိုယ်တစ်နိုင်ငံမို့ တွေ့ရချိန် တစ်နှစ် ၁ ပတ် ၊ ၁၀ ရက်လောက်ပဲ ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် အပြစ်မပြောကြ၊ သိပ်ချစ်ကြ :P)
ကလေးဘဝကနေ သမီးရည်းစားဘဝ အဆုံး အိမ်ထောင်မပြုခင်ထိ ၂၅ နှစ်လောက် ပေါင်းလာလို့ သိခဲ့ရတဲ့ သူ့အကြောင်းဟာ၊ သူနဲ့ အိမ်ထောင်ဖက် အဖြစ် ၅ နှစ်ပေါင်းပြီး သိလာရတဲ့ သူ့အကြောင်းရဲ့ ၂၅ ပုံ ၁ ပုံလောက်ပဲ ရှိမယ်။ ဒါ့ကြောင့် လူ တစ်ယောက်အကြောင်း သေသေချာချာ၊ ထဲထဲဝင်ဝင်သိချင်ရင် အဲဒီလူနဲ့ မင်္ဂလာဆောင်ကြည့်ကြပါ......အဲလေ....ပေါင်းကြည့်ကြပါလို့ ဒီနေရာကနေ အလေးအနက် တိုက်တွန်း လိုက်ပါတယ် .... (ဟမ်) ။
ဒီကနေ့ ညနေပိုင်း မရောက်တာကြာတဲ့ မြို့ထဲဘက်သွားရင်း မိုးဖွဲဖွဲ ၊ မှောင်မဲမဲထဲ ရိုက်လာတဲ့ ပုံတွေကို ဘယ်သူကြည့်ကြည့်၊ မကြည့်ကြည့် ၊ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်နဲ့ တင်လိုက်ပါတယ်.. (ဘာမှလည်း မဆိုင်ဘူး..။ )
ဒီကနေ့ ညနေပိုင်း မရောက်တာကြာတဲ့ မြို့ထဲဘက်သွားရင်း မိုးဖွဲဖွဲ ၊ မှောင်မဲမဲထဲ ရိုက်လာတဲ့ ပုံတွေကို ဘယ်သူကြည့်ကြည့်၊ မကြည့်ကြည့် ၊ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်နဲ့ တင်လိုက်ပါတယ်.. (ဘာမှလည်း မဆိုင်ဘူး..။ )
လူတကာသွားလည်တာ အခေါက်ခေါက်၊ ဓာတ်ပုံရိုက်ရတာ ရိုးအီနေတဲ့ မိုးပေါ်ကလှေကြီးနဲ့ လက် ၅ ချောင်းကို ပထမဆုံးအကြိမ် ကိုယ့်ဘာသာ ရိုက်တဲ့ပုံ |
လမ်းသွားလမ်းလာတွေကို ဘောလုံးအဖြူအကြီးကြီးတွေပေါ်မှာ ဆော့ဖ်ပင်နဲ့ အမှတ်တရ ရေးခိုင်းနေကြတာ..။ သူကလေးလည်း အမှတ်တရ ဘာတွေ ရေးခြစ်ခဲ့လဲ မသိဘူး.. :P |
ခရစ်စမတ် နီးပြီဆိုတော့ နေရာတကာ ခရစ်စမတ်သစ်ပင်တွေ အများသား..။ ဒီပုံလေး တစ်ပုံရဖို့ အဖေ၊အမေနဲ့ သူ့ဦးကြီးတို့ ဖုန်း ၃ လုံးနဲ့ တစ်ယောက် ၁၀ ချက်လောက် ရိုက်ခဲ့ရတယ်..။ အငြိမ်မနေလိုက်ပုံများ......။ |
တိုက်တိုက်ဆိုင်ဆိုင် စင်ကာပူကိုရောက်ကာစကတည်းက ဘလော့တွေ လိုက်ဖတ်ရင်း ခင်မင်ခဲ့တဲ့ နှလုံးသားရပ်ဝန်းကလူတစ်ယောက်နဲ့ သူ့အသည်းလေးလည်း တစ်ယောက်အကြောင်း တစ်ယောက် ဒီထက် ၂၅ ဆ ပိုသိဖို့ ဒီကနေ့ အတည်ပြုလိုက်ကြတယ်။ Traders မှာကျင်းပ တဲ့ သူတို့ မင်္ဂလာဆောင်ကို လာခဲ့မယ်လို့ ကတိကဝတ်ပြုပြီးမှ အကြောင်းပေါ်လာလို့ မတက်ရောက်နိုင်ခဲ့ဘူး..။ အိမ်ကို ဖိတ်စာလာပေးရင်း "မလာရင် သတ်မယ်" လို့ စကားလုံး ချိုချိုလေးနဲ့ ဖိတ်သွားတဲ့ ကိုဘ၊ သူ့ရဲ့ အသည်းကလေးတို့ သက်ဆုံးတိုင် ချစ်ခင်၊ ကြင်နာ၊ ယုယ၊ တွယ်တာ၊ မခွဲမခွာ ၊ရိုးမြေကျ ၊ အိုအောင်၊မင်းအောင် ပေါင်းဖက်ကြရပါစေ.၊ ကလေးချစ်တတ်တဲ့မောင်နှံ ၂ ယောက် ဘောလုံးတစ်သင်းစာ သားသားမီးမီး တစ်ပြုံကြီးနဲ့ အမြဲတမ်း ချမ်းမြေ့သာယာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....။
11 comments:
───────────▄██▄██▄
───────────███████
──────▄████▄▀███▀▄████▄
────▄█❤♡❤♡❤█▄▀▄█❤♡❤♡❤█▄
───▐█❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤█▌
───██♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡██
───██❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡██
───▐█♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤█▌
────▀█❤♡❤♡❤♡❤♡❤♡❤♡❤♡█▀
──────▀█♡❤♡❤♡❤♡❤♡❤♡█▀
────────▀█❤♡❤♡❤♡❤█▀
──────────▀█❤♡❤♡█▀
────────────▀███▀
───────────▄██▄██▄
───────────███████
─▀███▄▄──▄▄▄▀███▀▄▄▄──▄▄███▀
──▀▀████─██▀▀─▀─▀▀██─████▀▀
────▀████─▀█▄───▄█▀─████▀
▄▄████████▄▄██─██▄▄████████▄▄
──▀██████████▀─▀██████████▀
❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡❤♡
Happy Anniversary!
သစ်သားရတု ဘဲ ရှိသေးတာလား ....
ညီမလေး တို့ နုသေးတယ်ကွယ် ..ညှင်းညှင်း
မောင်ကြီး စင်စင် နဲ့ မှူံလေးတို့ မိသားစု အမြဲပျော်ရွှင် ကျန်းမာပါစေ ။ တောင့်တရာ ဆန္ဒများလဲ ပြည့်စုံပါစေ နော် ။
လာပြောသမျှ လူအကုန်လုံးနဲ့ ငါးနှစ်စီလောက် ပေါင်းပြီးမှ အဖြေပေးတော့မယ် အလဲ့
ံHappy Anniversary! to sin sin and hubby
ပေါင်းကြည့်လို့ အကြောင်းသိသွားရင် ဘာဆက်လုပ်ရမလဲဟဲ့..နောက်တစ်ယောက်ထပ်ပေါင်းရမှာလား
mm
=အကြောင်းသိသွား..အောင့်အည်းပြီးပေါင်းရတော့မပေါ့အေ့.. နင့်ကိုအောင့်အည်းရမှာ မက်မွန်မ..
= ကျေးဇူးပါ မသက်နန္ဒာ၊ မယ်သံ၊ ကိုAMK
= ဘုရား ဘုရား...တူ အမည်မသိ
Happy Anniversary!
သစ်သားရတုမှ ရတုပေါင်းများစွားတိုင် နှစ်ကိုယ်ယှဉ်တွဲ အေးအတူပူအမျှအတူတကွ လျှောက်လှမ်းနိုင်ကြတဲ့ မိသားစုလေးဖြစ်ပါစေနော်။
တီတင့်တို့ရဲ့ ရတုကိုမှီဘို့ နောက်အနှစ် အစိတ်ကြိုးစားအုံးစင်စင် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဪ ငယ်ချစ်ဟောင်းကြီးတွေကိုး။ သိပ်ချစ်ကြမှာဘဲနော်။
မမမှုံကလဲ ဘာလို့ဗီဒီယိုကြီးဖျက်ပစ်ရတာတုန်း။ ကြည့်ချင်တာ။
ချစ်ခြင်းတွေ ထာဝရခိုင်မြဲပါစေ။
ငွေရတု ရွေရတု ပတ်တာများရတု စိန်ရတု ဘုစုခရုများစွာ ပိုင်ပါစေ
ငွေရတု ရွေရတု ပတ်တာများရတု စိန်ရတု ဘုစုခရုများစွာ ပိုင်ပါစေ
Post a Comment