Tuesday, December 17, 2013

၂ နှစ် ၉ လ မှုံကလေး

သမီးလေး မှုံမှုံ ၂ နှစ်နှင့်  ၉ လ ထဲမှာ ..
စကားတွေ အလွန်များသည်။ စကားလုံးအများကြီး အပြန်အလှန် မပြောနိုင်သေး..၊ ဟိုမေး ဒီမေး မမေးစမ်းတတ်သေးသော်လည်း သိသမျှ စာတွေ စကားတွေကို ခုံတစ်ခုံမှာ ထိုင်ပြောနေတတ်သည်။


18-12-2003 မှာရိုက်ဖြစ်တဲ့ပုံကလေး အမှတ်တရ ထည့်လိုက်တယ် ။ ဖုန်းထဲမှာ Blogger ဆိုတဲ့ application install လုပ်ပြီး ဒီပုံကို စမ်းတင်ကြည့်တာ ...။

ညအိပ်ရာဝင်မှာ မေမေတိုင်ပေးတဲ့ သံဗေုဒ ၶ ၊ နေမာတႆ ၊ ဗုဒ ၶံသရဏံ ဂစၦာမိ  စတာတွေ အလွတ်ရနေပြီ ၊ ဘုရားစာမှန်းတော့ သမီးလေးမသိသေး။ သင်ပုန်းကြီး ၃၃ လုံး၊ က ကလေးငယ် ချစ်စဖွယ် ၊ မမ ဝဝ ထထ က ၊ စောစောထ သွားတိုက် စတဲ့ သူငယ်တန်းမြန်မာဖတ်စာထဲက ကဗျာတချို့ကို သမီးအလွတ်ရနေပြီ။

မေမေအပျင်းထူက Facebook Status တင်ဖူးတဲ့ သမီးလေး အကြောင်းတွေကိုပဲ တစ်စုတစ်စည်းထဲ ဘလော့ပို့စ် ပြန်တင်လိုက်ပါတယ်။

" မှုံမှုံရေ ၊ မှုံမှုံရေ
အိမ်မှာကောင်းကောင်းနေ
၁၂ နာရီကျော်ရင်တော့
Good Night နှုတ်ဆက်ပေါ့ ၊"

"ပုဇွန်ဆိတ် ပုဇွန်ဆိတ် မောင်ရင်လာ တံခါးပိတ် ဂျိတ်" တို့

"အီးဒူဒင် ၊ သူ့နှာခေါင်းဝင်၊ ငါ့နှာခေါင်းဝင် တောက်ကျိုးနဲ ပေါက်တဲ့ zif" တို့စကားကတော့ တော်တော်ကို မပီသေး ။ 

သမီးရဲ့ အသံထွက် တချို့
yellow - ယဲယိုး
blue - ဘူး
orange - သြယိမ့်
green - ဂီး န်

brown - ဗျောင်း 
red - ယက်ထ်  

မှုံမှုံ့ ပစ္စည်းတစ်ခုခု နေရာရွှေ့ပြောင်း၊ မကောင်းလို့ ပစ်ချင်တာမျိုးလုပ်ချင်ရင် (သူ့ပစ္စည်း ထိရင်၊ နေရာရွှေ့ရင် အာခြစ်အော်ငိုတတ်လွန်းလို့) အရင်ရှင်းပြရသေးတယ်.. ။
ခုပဲ စားလက်စ ဂျယ်လီအောက်ပြုတ်ကျသွားလို့ 

" အောက်ကျသွားလို့ အော့အော့ဖြစ်သွားပြီ .. အမေ လွှင့်ပစ်လိုက်တော့မယ်.. သမီးကို အသစ် တစ်ခုဖောက်ပေးမယ် .. အိုကေနော်" 
လို့ ရှည်ရှည်ဝေးဝေး ရှင်းပြတယ်.. ။
သူသေချာနားထောင်ပြီး ဖောက်ပေးတဲ့ အသစ်ကို လှမ်းယူပြီး သင်ထားတဲ့ အတိုင်းပြောတယ် ..၊ စကားက မပီတော့ 

"ဟုတ်ကဲ့ မေမေ" ကို "အုတ်ခဲ..... မေမေ" တဲ့ ။

မေမေဗိုက်ကြီး ဘယ်လိုပူလဲလို့ ဖေဖေက မေးရင် သမီးလေး ငပြောင်က ဒီလိုကြီး လုပ်လုပ်ပြတယ်။ 

ဘေးခန်းက ဆီးဂိမ်းဘောပွဲကြည့်ပြီး ဂိုးပြီ.. ဂိုးပြီ လို့ ထအော်..လက်ခုပ်တီး... အိမ်က သတ္တိခဲက သူ့အဖေဆီ အတင်းပြေးသွားပြီး မျက်နှာဖွက်ထား... ၊ ခဏနေတော့ အခန်းထဲက အမေဆီကို အော်ပြေး လာပြီး အတင်း လည်ပင်းဖက်ထားတယ်..သနားပါတယ်။ 

လက်ဖက်ထဲထည့်သုပ်ဖို့ သေချာရွေးထားတဲ့ ခရမ်းချဉ်သီး မာမာလေးကို အမေ့အလစ် ယူပြေးလေသူ ... ပြန်တောင်းလို့ မရတော့ ။ ကြမ်းပေါ်ကိုသံလုံးပစ်တာလေ
ပန်းသီး ၊ ဆန်းကစ်တွေရသွားလဲ အရေလည်အောင် လုပ်ပစ်တာ
ကြက်ဥ ကို သူများရေခဲသေတ္တာထဲ ထည့်ရတယ် ၊ သူ့ ကြောက်လို့ 

မှုံကလေး တရေးနိုးထယောင်

အေ....ဘီ....ရှီ....ဒီ..အီး..အာ့ဖ် ..ချီ...ဟိတ်ခ်ျ.....အိုင် ...ချေ .....(အသံတဖြည်းဖြည်းတိမ်ဝင်၍ လုံးဝတိတ်၊ ပြန်အိပ်သွား)


သမီးလေး အိပ်နေရင်းယောင်ပြီး "အိ..အ....အိ..အ..........အို " တဲ့ ..။ Old MacDonald သီချင်းထဲက သူရတဲ့ နေရာလေး... ထ ယောင်နေတာ ... ။

အမေဆီပြေးလာတယ်..

"အီအီ "

"ဘူ"

တဲ့ ...။

နံလိုက်တာ 


အိုင်ပက် လိုချင်ရင် ... အိုင်ပိ ... အိုင်ပိ နဲ့ လာတောင်းနေတာ..အသံထွက်ပြင်လို့ မရဘူး
9- နိုင်းကို .. မိုင်း
7-ဆဲဗင်းကို .. ဆဲဗီး
၇- ခွန်နစ်ကို အိုကစ် ......
w - ကို အာယော်ယော် ......
ပြင်မရသေးတဲ့ အသံထွက်တွေ
  


တစ် ၊ နစ် ၊ သိုး ၊ ရေး၊ နား ၊ ရှောက် ၊ အိုကစ် ၊ ဆစ် ၊ ကိုး ၊ တရှယ် ......

ညက ၂ နာရီမှ အိပ် ၊ မနက်အစောကြီးနိုးပြီး အိပ်ရာထဲမှာ အော်နေ ....
July 13 near Singapore · Edited
ညနေဘက် သမီးတရေးနိုးပြီး ကစားနေချိန်ဆို ရုံးပြန်လာတဲ့ ဦးဦးက "မှုံမှုံရေ " လို့ခေါ်လိုက်ရင် "ဆင် (ရှင်...... )" တဲ့ ..။
"ဦးကို ပြန်ခေါ်ပါဦး" ဆိုရင် "အူးအူး" လို့ ပြန်ခေါ်တယ်../
ဟိုက "ဗျား" လို့ ထူးလိုက်တာနဲ့ သူ့ကို ဆူတယ် ထင်ပြီး စိတ်ကောက်ရင်ကောက် ၊ မကောက်ရင် ငိုတော့တာပဲ ၊
သမီးလေးခေါ်တာကို ပြန်ထူးတာလေ လို့ ဘယ်လိုမှ ရှင်းမရဘူး...။ "ရှင်" လို့ ထူးရင်တော့ သဘောကျတယ်..။
အခု အိမ်ကိုလာတဲ့ ဦးဦး၊ ဘဂျီး၊ ဘဘ တို့ အားလုံး မှုံမှုံခေါ်ရင် "ရှင် " လို့ ထူးနေကြရတယ်...။
"အာ....ပြင်မာ...၊ အာ......ပြင်မာ" နဲ့ပါးစပ်ကအော်ပြီး ဧည့်ခန်းထဲ မာန်ပါပါ ခေါက်တုံ့ခေါက်ပြန်လျှောက်နေလို့ ဘာများဖြစ်နေသလဲလို့ ..../
မေခလာနဲ့ ဖြူဖြူကျော်သိန်းဆိုထားတဲ့ "ငါ ဘုရင်မ" သီချင်းကို သူတို့လို ပါဖောင့်မန့်နဲ့ ဆိုနေတာကိုး.... 

မှုံမှုံ .. သူနားထောင်နေကျ ပုံပြင်စာအုပ်ထဲကတချို့စကားစုလေး အော်နေတယ်..
"အဲ့မီ..အဲ့မီ.. ဒယ်ဒီ.. အဲ့မီ "တဲ့
အိပ်ရာက နိုးတော့.. အပျင်းဆန့် .. မတ်တပ်ထရပ်ပြီး

"ကားကြီး စီးမယ်..
မေမေ.... ရှစ်တယ်...
ဖေဖေ ..... ရှစ်တယ်...
မမ.... ရှစ်တယ်....
ကိုကို ..... ရှစ်တယ် ...." တဲ့ ....ပြုံးပြုံးကြီးလုပ် မိုးပေါ်ကို လက်ညှိုးလေး တထိုးထိုးနဲ့
@_@




  

5 comments:

Anonymous said...

ချစ်စရာမှုံ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ပါးကလေးကို ဖိပြီး မွှေးမွှေးပေးပြစ်ချင်လိုက်တာ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ပါးကလေးကို ဖိပြီး မွှေးမွှေးပေးပြစ်ချင်လိုက်တာ

Anonymous said...

ချစ်စရာလေး....


နောင်ဂျိန်

Mrs. Bagel said...

သူ့ဟာသူနဲ့ကို ဟုတ်နေတာပဲ။ သူ့အတွက် မောင်လေး တစ်ယောက်ပါတိုးလာပြီဆိုတော့ ဖတ်စရာတွေ များလာတော့မှာပဲ :)