Tuesday, July 14, 2015

သမီး ၄ နှစ်ကျော်

သမီး ၄ နှစ်မပြည့်တပြည့်မှာ သားအမိတွေ နတ်တလင်း ပြန်နေမယ်ဆို ပြန်နေတယ်..သမီး ၄ နှစ်ပြည့်တဲ့လ မှာ ပြန်လာကြတယ်။ သမီးဟာ ၄ နှစ်ပြည့်ပြီးနောက် အစစ တိုးတက်လာတယ်..။
- အရင်တုံးက ပြောတတ်နေပေမဲ့ အိမ်သာသွားကာနီးတိုင်း ဒိုင်ပါ ဝတ်ခိုင်းတယ်.. ဒီတိုင်း အိမ်သာပေါ် သူ့ကလေးအိမ်သာခွက်လေးတပ်ပြီး အတင်း တင်ထားပေးလဲ အောင့်ထားတယ်..။ အောက်ပြန်ချပေးပြီး ဒိုင်ပါဝတ်ပေးမှ သွားတယ်။
နတ်တလင်းက ပြန်ရောက်ပြီး အပေါ့အလေးသွားတာ အိမ်သာမှာ စ သွားပြီ။
ည အိပ်ရင်လဲ ဒိုင်ပါ ဝတ်မပေးရတော့ဘူး.. ..အိပ်ကာနီးတစ်ခါ ရှုးတည်ပြီးရင် မိုးလင်းထိ နေတယ် ..
(အမေနဲ့ တခြားစီပဲ.....အမေမှာ ၁၃-၁၄နှစ် လောက်ထိ အိပ်ရာထဲ ပေါက်ချတုံး.. အိပ်ကာနီး ဘယ်လောက်သွားထားထား..မီးဖိုကြီးဘယ်လောက်ရှိခိုးအိပ်အိပ် .. အိပ်ပျော်နေရင်း ရှုးပေါက်ချင်လွန်းလို့ အိမ်သာထဲရောက်နေတယ်ဆိုတဲ့ အိပ်မက် ည တိုင်းမက်တယ်.. ရွှဲရွှဲစိုမှ လန့်နိုးတယ်.. :D)
ပြန်ရောက်ကာစက ကျောင်းကို ဒိုင်ပါဝတ်ပေးလိုက်တယ်.. တစ်ပတ်လောက်နေတော့ မဝတ်ပေးတော့ဘူး.. ဆရာမကို မှုံ ဒိုင်ပါဝတ်မပေးလိုက်ဘူးလို့ပဲ သတိပေးလိုက်တယ်..။ သူအိမ်သာတက်ချင်ရင် ဘယ်လိုပြောမလဲ တဲ့ ..ဆရာမက မေးထားတယ်.. တွိုင်းလက် လို့သင်ပေးထားတယ်လို့ ..။ အစတည်းက ကျောင်း ၃ နာရီတက်နေတဲ့အတွင်း ဆရာမက ကလေးတွေကို ရှုးလိုက်တည်ကြောင်းသိရတယ်။
- ကျောင်းပျော်လာတယ် ။ မနှစ်က ကျောင်းမပျော်ဘူး..ကျောင်းသွားကာနီး မသွားချင်လို့ ဂျီတယ်..။ ဘာသာစကား အခက်အခဲကြောင့်လဲ ဖြစ်မယ်။ လူများများနဲ့ မနေဖူးတာလဲ ပါမယ်။
သမီးက စကားပြောနောက်ကျတယ် ။ မြန်မာလို စ စကားပြောစအချိန်မှာ ကျောင်းပို့လိုက်တာ.. ။ နကိုယ်ထဲက ကြောက်တတ်တဲ့သူ ၊ အမေ အဖေနဲ့ကလွဲလို့ လူများများမနေဖူးတဲ့သူ ၊ အိမ်မှာ မြန်မာလိုချည်းအမြဲကြားနေပြီး ခုမှ စကားပြောစသင်တဲ့သူကလေးအတွက် မနှစ်က သူကျောင်းမှာ စိတ်ဖိစီးမှုတွေ သိပ်များတယ်ဆိုတာ သိသိနဲ့ပဲ ဇွတ်ထားရတာပဲ ..။ မနှစ်ကတနေ့ ၂ နာရီတက်ရတယ်။ .. ကျောင်းက အရုပ်လေး ဘာလေးလုပ်ရတဲ့နေ့တော့ ပျော်ပုံရတယ်..။ ကျောင်းမှာ ဘာသင်ရလဲ ဘာလုပ်ရလဲ မေးရင် ဘယ်တော့မှ ပြန်မဖြေဘူး.. တခါတလေကျ ကကြီး ခခွေးရေးရတယ်လို့ ပြန်ဖြေတယ် ( ကျောင်းမှာ အင်္ဂလိပ်စာနဲ့ တရုတ်စာပဲ သင်ရတာကို သူက ပြီးပြီးရော ပြန်ဖြေတာလေ..သူ့ဆရာမဖြင့် ကကြီး ခခွေး သိတာလဲ မဟုတ်ဘူး tongue emoticon ) ။
ဆရာမက ပြောတယ်။ ကျောင်းမှာ စကားလုံးဝမပြောဘူးတဲ့ (ဘယ်ပြောမလဲ ..သူမှ အင်္ဂလိပ်လိုမပြောတတ်တာ.. မှတ်နေရတဲ့ အဆင့်ပဲရှိသေးတယ်ဆိုတာ မအေက သိတယ်) ။ ဆရာမလုပ်ခိုင်းတာကို အမူအယာကြည့်ပြီး လိုက်လုပ်တယ်တဲ့ .. ဆရာမက အတန်းကို တခုခုခိုင်းရင် သူက သူများအရိပ်အခြည်ကြည့်ပြီး လိုက်လုပ်တယ်တဲ့ (ဒီလိုတော့လဲ လည်သား)။ သိပ်ကို စကားနားထောင်တယ် ..လိမ္မာတယ်တဲ့ (သူများနဲ့ဆို တုန်နေအောင်ကြောက်တတ်တဲ့ စ ကြောက်ကြီးကိုး.. အိမ်မှာတော့ ဗိုလ်မ )။
-ခုနှစ်တော့ ကျောင်းသွားတာ သိပ်ပျော်လာတယ်။ N2 ရောက်ပြီမို့ တစ်နေ့ ၃ နာရီတက်ရတယ်။ အရင်အပတ်က နေမကောင်းလို့ ကျောင်းတပတ်ပျက်တာ .. တနင်္ဂနွေနေ့ကြီး ကျောင်းသွားမယ်တွေ ဇွတ်လုပ်လို့ မအေ ခေါင်းကိုက်သွားသေးတယ်။ ကျောင်းပျော်ရုံပဲရှိသေးတယ်.. ကျောင်းမှာ သူများနဲ့ ပြောဟယ် ဆိုဟယ် မရှိသေးဘူး.. ကျောင်းမှာ သူငယ်ချင်းတွေ ဆရာမတွေ အီးလိုပြောတာတွေ နားလည်စ ပြုလာပြီ.. သူလဲ ပြောချင်လာပြီ..ကျောင်းမှာ မပြောရဲတော့ အိမ်မှာ စ ပြောလာပြီ.. ဝါကျ တကြောင်းလုံး သွက်သွက်မှန်မှန် မပြောတတ်သေးတော့ သိတဲ့စကားလုံးလေးနဲ့ ရောချပြီး ပြောရတယ်။
ပထမနှစ်ဝက်ပြီးလို့ မိဘတွေကို ဆရာတွေက ခေါ်တွေ့ကြတော့ သူ့အတန်းပိုင်ရယ် ကျောင်းတာဝန်ခံရယ်နဲ့တွေ့ရတယ်။ မှုံအကြောင်းအထက်ပါအတိုင်းပြောကြတယ်။ အင်္ဂလိပ်လိုက ကျောင်းတက်နေရင် အလိုလိုတတ်လာမှာပဲ (အချိန်ကြာရင်ကြာမယ်) ..မြန်မာလိုမေ့မှာစိုးလို့ အိမ်မှာ မြန်မာလိုပဲ ပြောလို့ပါ လို့ရှင်းပြလိုက်တယ် (အစကလဲ ရှင်းပြပြီးသား) ။ ဆရာမက အဖေအမေ တယောက်က မြန်မာလိုပြောပြီး တယောက်က အီးလိုပြောပေးပါ..သူမမေ့ပါဘူးလို့ အကြံပေးတယ်။
မြန်မာလိုမပြောတတ်မှာစိုးတာကလဲ တိုင်းပြည်ချစ်တာ ဘာညာတွေကြောင့်မဟုတ်ဘူး..။ . သူ့ရှိတဲ့အမျိုးတွေက နတ်တလင်းက မြန်မာစကားပြောတဲ့လူတွေချည်းပဲမို့ အမျိုးတွေ တဝမ်းကွဲတွေကြား communication အဆင်ပြေဖို့ပဲ ။
မှုံ့အတန်းပိုင်က အိန္ဒိယဆရာမ..မှုံကို ချစ်ပုံရတယ် ..။ နင့်သမီးလေးကို ငါချစ်တယ်.. ချစ်ဖို့ကောင်းတယ် ဆိုာ ၃ ခါလောက်ပြာဖူးတယ်။ သူ့သမီးတုံးကလဲ အဲလိုပဲ စကားမပြောဘူးတဲ့ .. ကျောင်းမှာလဲ မပြော ၊အိမ်မှလြဲ မပြော .. ပထမတန်း .. ဒုတိယတန်းရောက်မှ ကောင်းကောင်းပြောတာမို့လို့ စိတ်မပူပါနဲ့လို့ ပြောတယ်။
တာဝန်ခံဆရာမက စာပိုသွက်အောင် တနင်္ဂနွေသူတို့ဖွင့်တဲ့ ကျူရှင်လာတက်ချင်တက်ပါလားလို့ ခေါ်တယ်..။ စဉ်းစားဦးမယ်ပြောပြီး မထားဖို့ပဲ တွေးထားပါတယ်။ သမီးငယ်ငယ်လေးမှာ ကျူရှင်မထားချင်သေးလို့ ..။
ဆက်ရန်-

No comments: