Saturday, July 23, 2016
မှုံမှုံမောင်မောင်
သမီးချောင်းဆိုးရင်ကျပ်လို့ ဆေးခန်းကအပြန်..အဖျားလဲရှိတယ်တဲ့..
အိမ်မှာ လူမရှိလို့ အငယ်ကောင်ပါခေါ်သွားရတယ်.... ထင်တဲ့အတိုင်း ဆေးခန်းမှာ သောင်းကျန်းလိုက်တဲ့အမျိုး...
ဆေးခန်းက အရုပ်တွေ ချပေးထားတဲ့စားပွဲမှာ တခုပြီးတခုကိုင်ကြည့်.. တဟေးဟေးတဟားဟား ဝမ်းခေါင်းသံကြီးနဲ့ရီ...
သူ့အစ်မ ဆောက်နေတဲ့သစ်သားတုံးအိမ်ကို လစ်တာနဲ့ တွန်းဖြိုချ.. တခါကနေ နှစ်ခါ သုံးခါဖြစ်လာတော့ အစ်မဖြစ်သူ ကျိတ်ပြီး မေ့မျက်ရည်ဝိုင်း..
ကားတွေတွန်းတော့ အိမ်မှာလိုပဲ ဆေးခန်းကြမ်းပြင်သမံတလင်းမှာ ပါးအပ်ပြီး ကားလေးကို တနေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့် လုပ်ချင်တာအမေက ဆွဲထူတော့ ဗျှဲဗျဲညံ...၊
အဖုံးဖုံးလို့ရတဲ့ဘူးထဲ အရုပ်ထည့်.. အဖုံးပိတ်.. အဲ့ဘူးကို ကြမ်းပြင်မှာ ကိုင်ပေါက်တဲ့နည်းနဲ့ပြန်ဖွင့်တာ.. အိမ်မှာလုပ်တဲ့အတိုင်း ဆေးခန်းကအရုပ်ကိုလုပ်.. ကောင်တာကသူနာပြုနဲ့တခြားလူနာတွေကိုအားနာလို့ အမေကမလုပ်ဖို့ပြော.. သောကမျက်ရည် ဘူးသီးလုံး ကျ လာပြန်
ခုရေးရင်းမှသတိရ.. အဲ့ဒီကစားစရာဘူးကလေး သူမမြင်ျအာင် ကောင်တာပေါ်က ပန်ကာနောက်ဖွက်ခဲ့တာ ပြန်မထားခဲ့ရဘူး
😁😁
ပြန်ထွက်တော့ ဆေးခန်းကကားရုပ်က အိမ်ကသူ့ကားနဲ့ချွတ်စွပ်တူနေတော့ သူ့ကားဆိုပြီးပြန်မထားဘူးလုပ်.. ဘယ်လိုမှ ရှင်းပြလို့မရ.. အတင်းထားခဲ့ရတော့ တလမ်းလုံးဝိုင်းအကြည့်ခံရအောင် အောင်မြင်တဲ့အသံကြီးနဲ့ အော်ငို.. ၊
နေမကောင်းတဲ့မှုံကို ဘာမှ မတိတ်ကဲလိုက်ရဘူး.. အလာတုံးက အကောင်းကြီးဖြစ်တဲ့အမေပါ ခေါင်းမူးသွားတယ်။
အပြန်မှာ မှုံကလမ်းလျှောက်ရတာ မောတယ်ဆိုလို့ လှည်းပေါ် ၂ ယောက်တင် တွန်းလာတာ.. နောက်ကနေ သူ့အစ်မကို တလမ်းလုံးကန်လာတာ.. အမေက ဟန့်လိုက်တုံးလေး ခဏရပ်.. လစ်ရင်ပြန်လုပ်..,
ဪ........ ချစ်ရပါသော မောင်မောင်
Labels:
မှုံမှုံမောင်မောင်
Subscribe to:
Post Comments (Atom)
1 comment:
အမြဲစောင့်ဖတ်ဖြစ်ပါတယ်
Post a Comment