Wednesday, November 30, 2011

တရုတ်တန်းဈေးက အဖြစ်အပျက်ကလေး....

 (ခေါင်းစဉ် မပေးတတ်လို့ ကြားဖူးတဲ့ သီချင်းစာသားယာယီ ပေးထားသည်)
SGH မှာ သမီးအတွက် Health Booklet သွားလုပ်သည်။ အပြန် Chinatown ကို လမ်းလျှောက် သွားသည်။ ဗိုက်ဆာ၍ မက်ဒေါ်နယ်ကိုဝင်သည်။ ယခင်က ဘာဂါ တစ်ဝက်သာကုန်နိုင်၍ ယခုမူ ပုံထဲမှ အကြီးဆုံးဟုထင်သောဘာဂါကို ဝယ်စားရသည်။ မောင်ကြီးအရင်ကျွန်မက ကုန်ပါသည်။ (မှတ်ချက်။ ဘောင်းဘီခါးများသည် အချိန် ကြာလေ သေးလေ ဖြစ်တတ်ပါသလား...)။
people park (လို့ ထင်တာပဲ) အောက်မှာ ဗန်းကြီးတွေနှင့်သုတ်ပြီးသား ဝက်သားသုတ်ကို တန်းစီ၍ ဝယ်စားသည်။ လျှာ၊ အစာအိမ်၊ နှာနုသား၊ နားရွက် ... စသဖြင့် တစ်မျိုးကိုတစ်ဗန်း သုတ်ပြီးသားဖြစ်၍ တစ်ပွဲလျှင်၃ မျိုးအရောစားနိုင်သည်။ တစ်ပွဲ ၅ ကျပ် ၊တစ်ပွဲမှာ အများကြီး ပါသည် ။ သို့သော် ကျွန်မစားကုန်ပါသည်၊ ဝက်သားများ၍ အသီးအရွက် နည်းသည်။ အချဉ် လုံးဝ ထည့်မထား၊ အိမ်ကိုပါဆယ်ဆွဲ၍ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီရွက်လှီးထည့်၊ သံပုရာရည် ညှစ် စားလိုက်ရလျှင်..... ရှလွတ်..

OG ကိုဝင်ပါသည်။ 19.90 ကျပ်တန်ပစ္စည်းအတွက် Cashier က 25 ကျပ် တန် ဘောင်ချာပြန်ပေးပါသည်။ ထူးဆန်းပေစွ၊ အံ့ဖွယ်ကောင်းပေစွ၊ ငါတို့ကံထူးပေပြီ။ Reenoma ကောင်တာတွင်ဝယ်ရမည်ဖြစ်သည်။ 25 ကျပ်တန်အောက် ခြေအိတ် နှင့် underwear ကောင်တာတွင် ပေးလိုက်သော ဘောင်ချာသုံးမရပါဟု ဆိုသည်။ သုံးရမည့်ကောင်တာကိုသွားကြည့်သည်။ ရှပ်များ၊ စပို့ရှပ်များ၊ ဘောင်းဘီများဖြစ်သည်။ တန်ဖိုး 69.90 ကျပ်ထက်နည်းတာမရှိပါ။ လွန်ခဲ့သော ၂ နှစ်ကအဖြစ်ကို ပြန်သတိရလာသည်။ ဒီ Chinatown OG မှာပဲ လမ်းကြုံ၍ ဖိနပ်ဝင်ဝယ်သည်။ 50 နှင့်အထက်ဝယ်သူများအတွက် လက်ဆောင်ဟုဆိုကာ 25 ကျပ်တန်ဘောင်ချာတစ်စောင် Cashier က ပေးလိုက်သည်။ ဒီနေ့တစ်နေ့ထဲ အပြီးသုံးရမည်ဟုဆိုသည်။  ပျော်ရွှင်မြူးထူးစွာဖြင့် ဝယ်ရမည့်ကောင်တာ သို့သွားသည်။79.90 ကျပ်တန်ကို 44.90 သာပေးရသည်ဟု ဝမ်းသာအားရြ ဖင့် မောင်ကြီးအတွက် အပြာစင်း ရှပ်အကျီလက်ရှည် တစ်ထည် ဝယ်သည်။ ငွေသွားရှင်းတော့ေ ၂၅ ကျပ်တန် ဘောင်ချာ နောက်တစ်စောင်ရလာပြန်သည်။ ဒီနေ့ အပြီးသုံးရမည်ဟု ဆိုပြန်သည်။ ကျွန်မခေါင်းစားသွားသည်။ မလိုအပ်ပဲ 45ကျပ် ကုန်ပြီးပြီ ....... . ဘောင်ချာကြီးကလည်း ဒီနေ့ပဲ သုံးလို့ ရမှာ 25 ကျပ်နှမျောစရာ.. ဘာလုပ်ရရင်ေ ကာင်းမလဲ....အလုပ်များရှုပ်ကောင်းရှုပ်နေနိုင်သော မောင်ကြီးကိုဖုန်းဆက် လှမ်းမေးသည် ။ ဘောင်ချာကို လိုချင်တဲ့လူရှိရင်ပေးပြီး ပြန်ခဲ့တော့တဲ့.. :(( ။
အခုလည်း အတူတူပဲ၊ ဘောင်ချာကို ဒီနေ့အပြီးသုံးရမှာ၊ ဘောင်ချာ ၂ စောင်ပေါင်းသုံးလို့မရ....။ ဘောင်ချာတစ်စောင်ကိုင်ပြီး ရှပ်အကျီတွေကြည့်နေသော တရုတ် ဦးလေးကြီးလင်မယားကို မဝယ်နဲ့ ဦးလေးတို့ ၊ ဟု မြန်မာလို မကြားတကြား သတိပေးကာ ကျွန်မတို့ ပြန်ခဲ့ကြသည်။

စာကြွင်း။
(ဘောင်ချာရှာမတွေ့လို့ မပြနိုင်တော့ပါ...။ ဝယ်ခဲ့သောရှပ်အကျီတံဆိပ် မနက်မှ ပြောနိုင်ပါတော့မည်။ အခန်းထဲ ဝင်ယူရင် သမီးနိုးမှာစိုးသောကြောင့်......)

စာကြွင်းကြွင်း။ စာတွေညှိမရဘူး... စိတ်လေဒယ်.... 

5 comments:

Anonymous said...

အင်းးး
ဟုတ်တယ်...

ပုံ
Xထုံ

ZT said...

ဟိုးအရင်တုန်းက ပို့စ်တစ်ခုကို ဒီနာမည် ပေးဖူးတယ်။ :D

ဘောက်ချာကို ebay မှာ လေလံတင်ပါ။ :P

Rita said...

1 Dec 11, 09:22 AM
RITA: မမစင်ရဲ့ အခေါ်အဝေါ်တွေ ပုံမှန်ပြန်ဖြစ်သွားပြီ မောင်ကြီး တဲ့ :D

Vista said...

မောင်ကြီးပြန် ဖြစ်တော့မှဖြစ်မှာကိုး ဟိုတခါ ချစ်သူလို့ ရေးတုန်း က ချစ်သူက မောင်ကြီး အပြင်နောက်တယောက်လား ဆိုပြီး အကုန်ရှုပ်ကုန်တယ်မဟုတ်လားဟိဟိ။

သက်ဝေ said...

အဲဒီ OG က ပုလဲလုံးတွေရော မပေးဘူးလား
ပိုက်ဆံတခါ ရှင်းလိုက် ဘောက်ချာတွေ တထပ်ကြီး ပေးလိုက် ပုလဲလုံး တခါ ထုတ်လိုက် purchase by purchase နဲ့  discount တွေ ပေးလိုက် ထပ်ဝယ်လိုက်နဲ့  ချာချာလည်နေရတဲ့ နေရာပါပဲ