Saturday, December 31, 2011

Happy New Year 2012 !!!!

ရုပ်ပုံ Facebook
Happy New Year 2012 !!!!
စိတ်လည်းချမ်းသာ၊ လူလည်းကျန်းမာသော 2012 ဖြစ်ပါစေ။ လူတိုင်းလည်း ကိုယ်စိတ်၊ ကျန်းမာ၊ ချမ်းသာသော 2012 ကို ပိုင်ဆိုင်ကြပါစေ။

2011
ရက်ရှည်မနေရတာကြာပြီဖြစ်တဲ့ မိဘတွေ မောင်နှမတွေနဲ့ လအတော်ကြာကြာ အတူတူနေခွင့် ရခဲ့ပြီး ဇာတိမြေက အစားအသောက်တွေ တဝတပြဲ စားခဲ့ရတယ်။
ချစ်ခင်ပွန်းနဲ့ အကြာကြီးခွဲနေခဲ့ရတယ်။ 

2011 မှာ ကျွန်မ မိဘ ဖြစ်ခဲ့ပြီ။ ဟိုး အကြာကြီးကတည်းက မျှော်လင့်ခဲ့ရတဲ့ ရင်နှစ်သည်းချာ သမီးကလေး တစ်ယောက် ပိုင်ဆိုင်ခဲ့တယ်။ (2011 မှာသာမက ကျွန်မဘဝတစ်ခုလုံးမှာ အပြည့်စုံဆုံးဆုလာဘ်ကလေးပါ) ။

ကျွန်မတို့ကို ပြန်လာခေါ်ရင်း မမျှော်လင့်ပဲ မောင်ကြီး ဆေးရုံ တက်ရတယ် ။ ဆေးရုံမှာပဲ ဆေးရုံတက်ရတဲ့ ရောဂါကြောင့်မဟုတ်ပဲ ကံကောင်းလို့မသေ၊ သံချောင်းတို့ အဖေ ဆိုသလိုဖြစ်ခဲ့တယ် (နောက်မှ တစ်ပုဒ်သပ်သပ်ရေးပါမယ်)။  မောင်ကြီး ကျွန်မထက် အရင် လူ့လောကထဲက ထွက်သွားမှာလားလို့ တော်တော်တုန်လှုပ်ခဲ့ရတယ်။ 

အရင်က အိမ်လုပ်နေခဲ့တဲ့ မမကေအိုအမ်ရဲ့ cbox ကို ဖြတ်သွားဖြတ်လာချောင်းကြည့်ရုံပဲ တတ်နိုင်တော့တယ်။ cbox က ဘော်ဒါတွေနဲ့ အခင်မင်မပျက်ပေမယ့် ၊ကိုယ်က ဒိပ်အောက်သွားပြီ။ လိုက်မမီတော့ဘူး၊ တချို့ အသစ်တွေကို မသိတော့ဘူး ။ 

 Facebook ကတဆင့် ဇာတိမြို့က အဖွဲ့ထဲ ဝင်ဖြစ်ပြီး မြို့လိုအပ်ချက်တွေကို ကိုယ့်စရိတ်နဲ့ကိုယ် လုပ်ပေးနေတဲ့ အဖွဲ့ထဲ ထပ်ဝင်မိတယ်။ စင်ကာပူရောက် ဇာတိမြို့သားတွေဆီက လစဉ်ပိုက်ဆံကောက်ပြီး အဖွဲ့ကို လှမ်းလှူပေးတဲ့အလုပ် လုပ်ဖြစ်တယ်။

Facebook မှာပဲ ဘလော့ဂါအဖွဲ့ (AaB Myanmar) မှာ ကိုzt ကောင်းမှုနဲ့ အဖွဲ့ဝင်ဖြစ်သွားပြန်တယ်( ကျွန်မက နာမည်ကျော်ကြား လူကြိုက်များတဲ့ ဘလော်ဂါမကြီး ဆိုတော့လေ :P) ဖေ့ဘွတ် ဂိုဏ်းစတားပေါ့ ။ အဲဒီမှာလဲ သူတို့တွေ စုလှူကြရင် ကိုယ် တတ်နိုင် သလောက် ကလေး လှူဖြစ်တယ်။
ခြုံပြောရရင် အလှူသေးသေးလေးတွေ တော်တော်များများ လှူဖြစ်တယ်။

လျှော့လှူရပေမယ့် ဝမ်းသာရမယ့်သတင်းက 2012 January ကစပြီး မြန်မာအစိုးရကို အခွန်ဆောင်စရာမလိုတော့ဘူးတဲ့။ 2011 မှာလည်း ၆ လစာကို 2% နဲ့ပဲ ဆောင်ရမယ် လို့ပြောပါတယ်။

နှစ်ကုန်ခါနီးမှာ စင်ကာပူ ပင်နီဆူလာပလာဇာက မြန်မာ ဆိုင်တစ်ဆိုင်က မြန်မာငွေတွေယူပြီးထွက်ပြေးတာ၊ ရန်ကုန် လှည်းတန်းကဗုံးပေါက်တာ၊ ပုဇွန်တောင် စက်ဆန်းမှာ လောင်စာတွေ ထပေါက်ပြီး မီးသတ်နဲ့ ပြည်သူတွေသေတာ၊ ကမာရွတ်က စိန့်သြဂတ်စတင်းကျောင်း မီးလောင်တာ ..စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်တွေ နှစ်ကုန်ကာနီးမှာ ဆက်တိုက်လာခဲ့တယ်။

2011 ပြီးခဲ့ပြီ။ 
2012 မှာ အဖြစ်အပျက်ဆိုးတွေ ဘာမှ မလာတော့ပဲ လူသားအားလုံး နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ။

3 comments:

Thandar Lwin said...

2012 မှာလဲ မိသားစုတခုလုံးပျော်ရွှင်ကျန်းမာပါစေ စင်စင်ရေ ။ သမီးလေးမှူံ အတော်ချစ်ဘို့ကောင်းနေပြီနော်။

ZT said...

မမစင်က ဘလော့ဂါ လောကမှာ လူသိများ ထင်ရှားတာတော့ ငြင်းမရပါဘူးကွယ်။ :D

Anonymous said...

စီမှာလား ဆင်သွားရင်လမ်းဖြစ်ပါတယ်။
ဒိတ်အောက်တာမရှိ.. သဘာ ပဲရှိမှာပါ။
NICC