Sunday, March 4, 2012

သို့ ..........ခွေဖူ

ယနေ့ည လိန်မြန်နှင့်  မောင်ကြီး မြန်မာပြည်ပြန်သည်။ ရွာထိမရောက်။ ကိစ္စရှိ၍ ရုတ်တရက် သွားခြင်းဖြစ်ကာ ရက်ပိုင်းမျှသာကြာမည်။ (ကိစ္စ= နှစ်ဘက်ဆွေမျိုးများအားလုံး ဒေါင်ဒေါင်မြည်ကြပါသည်) 

ပြန်ရမည်ကို ရက်ကပ်မှ သိသည်။ M.A.I မှ ၂၉၉ ဖြင့် ဈေးချသော ခုံများအားလုံးကုန်ပြီဖြစ်၍ ၄၇၀ ဖြင့် ပုံမှန်ဈေးပေးဝယ်လိုက်ရသည် (ဟင့်.....) ။

ကီလိုရောင်းရန်ကြံသည်။ မကြာမီကမှ ဖေ့ဘွတ်မှာ ကီလို ဝယ်မည်ဆိုသော ကြော်ငြာ တွေ့ထား သည်။ 

နာမည်ကျော် ဘလော့ဂါတစ်ဦး မှ တဆင့် ကီလိုဝယ်မည့် ချောမောလှပသူ ကီလိုဝယ်သော ခွေဖူ @ ခရေဖြူ နှင့် ဆက်သွယ်မိကာ ဇနီးဖြစ်သူ မယ်လောဘ၏ မြှောက်ထိုးပင့်ကော်မှုကြောင့် ကီလို ၄၀ လုံးရောင်း လိုက်သည်။ အဝတ်အစား အနည်းငယ်သာ ပါမည်ဖြစ်၍ ဟန်းကယ်ရီနှင့်ပင် အဆင်ပြေမည်။

မောင်ကြီးသည် သူ့သမီး မအေ့ဗိုက်ထဲတွင်ရှိရာမှ မွေးပြီး ပြန်မရောက်ခင် ထိ ၁၀ လ အတွင်း မြန်မာပြည် သို့ ၄ ခေါက်အသွားအပြန်လုပ်လိုက်ရာ MAI member ဖြစ်သွား၏။ member ဖြစ်လျှင် ပုံမှန်ရမည့် ကီလိုထက် ၁၀ ကီလို အမြဲပိုရမည်။ ထို့ကြောင့် 30+10= 40 ကီလို ( ဘေ့စစ်မရှိသူ ပေါက်နှင့် မမကေအိုအမ် အတွက်သာ......အဟိ) ။ Check in ဝင်လျှင်လည်း member အတွက် သပ်သပ် ကောင်တာတစ်ခု တွင် စီရသောကြောင့် ကျူတန်းရှည်ရှည် မစီရ ဆို၏။

ယနေ့လေယာဉ်ကွင်းအသွား ခွေဖူခမျာ ဖုန်း တကြော်ကြော်ခေါ်ရှာသည်။ ယောကျာ်းထံေ ခ်ါသော် ဖုန်းမှားနေပါသည်ဟု အမျိုးသား တစ်ယောက်က ပြန်ဖြေ၍ မိန်းမထံခေါ်သော် ဖုန်း မကိုင်လေ။ (ထိုမိန်းမသည် မတ်စိ ပို့ထားလျှင် နောက်တစ်ရက်လောက်မှ စာပြန်၍ ဖုန်းခေါ် လျှင် တစ်ခါဖူးမျှ ဖြေသည်မရှိ၊ အလွန် တရာ စိတ်ပျက်ဖွယ်ကောင်းလှသည်။ ဖုန်းဖြင့် အဆက်အသွယ်လုပ်ဖူးသူတိုင်း သူ့ကို စိတ်တို ကြရသည်။ ကလေးကြောင့် ဖုန်းမကိုင်ရတာပါဟု သူ့ခြေ၊ သူ့လက် ပေးသေး၏။ တကယ်က ကလေးမရှိခင်ကတည်းက ဒီအကျင့်အတိုင်း ပဲ ဖြစ်သည်။) နောက်ဆုံး တစ်ကြိမ်တွင် ဖုန်းကိုင်၍ လေဆိပ်မှာ ချိန်းချက်ပြီး ပစ္စည်းအပေးအယူ ကိစ္စပြီးသွားသည်။ ထိုအချိန်က ကလေးနှင့်အတူ Nursing Room ထဲရောက်နေသောကြောင့် ချောမောလှပသူ ခွေဖူနှင့် ဆုံခွင့်မရလိုက်... နာလိုက်ထှာကွာ... ကတောက် ... ။ နောက်မှ သိရသည်မှာ ထိုမိန်းမသည် သူ့ယောက်ျားဖုန်းနံပါတ် မတ်စိပို့ရာ 9 နှင့် 0 မှားပို့ထားခြင်းကြောင့် ခေါ်လိုက်တိုင်း ခွေဖူခမျာ wrong number နှင့် တိုးနေရခြင်းပေ။

အိုင်အမ် ဆောဒီး..၊ တောင်းပန်ပါသည်.. ခွေဖူ...သွေ့ပုချိ....  အမှားကြီးကို သတိထားမိသောကြောင့် အမှားလေးမှားမိသည်ကို ခွင့်လွှတ်ပါ... ။ ခွေဖူကို  ပထမဆုံးအကြိမ် အဆက်အသွယ်လုပ်စဉ်က
" ငါ့ခင်ပွန်း ဖုန်းနံပါတ် xxxx xxxx က နင့်ဆီ မတ်စိပို့နေပါသည် ။" ဟု မတ်စိပို့လိုက်ရာ messaging တွင် ရှေ့ e အစား a ရိုက်မိသွားသည်။ ခါတိုင်းလို ရိုက်ပြီး တန်းမလွှတ် လိုက်ပဲ ပြန်စစ်မိသာ တော်သေးသည်။ အမှားကို မြင်ကာ မောင်ကြီးနှင့် နှစ်ယောက်သား အူတက်အောင်ရယ်နေသည်မှာ အကြာကြီးဖြစ်သည်။ sms-ing  ဟုသာ ပြင်ရေး၍ ရိုက်လိုက်သော ဖုန်းနံပါတ် ကို ပြန်မစစ်မိတော့ပေ။

အမှားမမြင်ပဲ ပို့မိပါက ချောမောလှပသူ ခွေဖူ တစ်ယောက် ဒေါသ အမျက် ချောင်းချောင်းရော၊ မြစ်မြစ်ရော ထွက်နိုင်သည်။ မိတ်ဆွေအဖြစ်မှ ရပ်စဲကောင်း ရပ်စဲနိုင်သည်။ ထို့ကြောင့် ထိုအမှားကို ခွေဖူအား ပြောမပြဝံ့ပဲ ဘလော့ပေါ် တင်လိုက်ရခြင်းဖြစ်ပေသည်။

မောင်ကြီးမရှိပဲ ဒီကျွန်းမှာ နေတာ ဒါ ပထမဆုံးအကြိမ်ပဲ ။ သမီးလေးနဲ့မို့ အားငယ်တာထက် စိုးရိမ်တာက ပိုများနေတယ်။ သမီးနဲ့ တူတူစောစောလိုက်အိပ်မယ် စိတ်ကူးပေမယ့် အိပ်မပျော်လို့ ပေါက်ကရ တစ်ပုဒ်ရေးဖြစ်သွားတယ်.. မှားတာကတော့ တကယ်ပါ ။ ရေးလိုက်လို့ ခွေဖူ စိတ်မဆိုးဘူး ထင်ပါတယ်... :))

10 comments:

Anonymous said...

ခွေဖြူမဆိုးပေမဲ့ ငါဆိုးတယ်.။

ပုံ။
ဘေ့စစ်တထပ်ကြီးရှိသူ

NSA said...

ဟုတ်ကဲ့..စိတ်မဆိုးပါနဲ့ တရုတ်ကလေး ပေါက်ထုံ

khin oo may said...

မန်ဘာကဒ်ကို သက်သေနင့်တစ်ကွတင်ပြမည်ဖြစ်ပါကြောင်း.
ပုံ
့လက်ဝယ်ပိုင်ပိုင်ရှိပြီးသူ
(ဆယ်မှတ်ရသွားသည်)

Vista said...

သူ့ ခြေသူ့ လက် အရောက်မှာ အသံထွက်သွားတယ် ရီတာ မအောင့်နိုင်တော့ဘူး

သက်ဝေ said...

ထိုအမှားကို ခွေဖူအား ပြောမပြဝံ့ပဲ ဘလော့ပေါ် တင်လိုက်ရခြင်းဖြစ်ပေသည်...
ကြိုက်တယ်... ဘလော့ဂါ ဆိုတာ ဂလိုမှပေါ့...

Anonymous said...

့နာ့ယောက်ကျား မတ်စိပို့လိမ့်မယ်ဟူသော မတ်စိရအပြီ: ကီကိုဝယ်မည်ဟု မတ်စိရောက်လာသောအခါ စင်စင်ယောက်ကျားဟု (မမေးမမြန်း) ဖုန်းထဲ၌မှတ်ထားလိုက်သည်။ လေယဉ်ကွင်းအသွား ထိုယောက်ကျားဟုမှတ်ထားသော ဖုန်းကို ဆက်လေလဲမရ စင်စင်ဟုမှတ်ထားသောဖုန်းကိုဆက်လေလဲ မရ။ ဂွကျပြီ လူရှာမတွေ့က အထုတ်နှင့်ယောက်ကျားနောက်လိုက်သလို ချန်ဂီတွင် ရောင်ချာချာဖြစ်ချေတော့မည်။ မတ်စိကို သေသေချာချာပြန်ဖတ်သည် ဟာ! စင်စင် သူ့ယောက်ကျားလို့ပြောထားတဲ့နံပတ်နဲ့ နာ "စင်စင်ယောက်ကျား"လို့ မတ်ထားတာနဲ့ နံပတ်မတူ မတူ ၁လုံးလွဲနေသည်။ ယောက်ကျားမှားလေပြီလား ခေါင်းကြီးသွားသည်။ စင်စင် ပေးထားသောနံပတ်ကို ဆက်သည် မကိုင်မကိုင် -
ဟော ကိုင်ပြီ။ ဝမ်းသာသွားသည် "ဟယ်လို စင်စင်ခင်ပွန်:လားဟင်" ဟိုဘက်က အမ်လိုလို အင်လိုလို ပြန်ပြောသည် ခင်ပွန်:စိုတာ နားမလည်လို့လား ""ဟယ်လို စင်စင်ယောက်ကျားလားဟင်" "ဖုန်းမှားနေပါတယ်" ဟိုက်! သူ့မိန်းမနံမယ် စင်စင် လို့မသိလို့များလား ဥပမာ ကိုယ်လိုပေါ့ ခရေဖြူလို့ပြော အိမ်ကလူဘယ်သိလိမ့်မလဲ အဲဒါမှ ဒုခ နံမယ်အရင်း မေးမထားမိ။ တီဇက်အေ စီမာတော့ စင်ဒရဲလား စိုလား စင်ဒန်လား စိုလား။ သူ့ယောက်ကျားနံမယ်တော့ မတ်စိ ပို့ထားသား နေစမ်းနေစမ်း ဘယ်သူပါလိမ့် စောဘွဲ့မှူး အဲ ဟုတ်ပေါင် "ဟိုဟာလေ ကို စောာာာ စော ။။။။လား" ကိုယ်ကထစ်နေတုန်းသူကဖုန်းချသွားပြီ။ ဟင်း မားနေပါတယ်ပြောတာကို ထပ်ဆက်ရင်အရိုက်ခံရချေမည်။ တော်ပါသေးရဲ့ တွေးနေစဉ် ဒေါ်စင်စင် ဖုန်းပြန်ဆက်လို့။ မျက်လုံးမှေးသော ကိုယ်နှင့် မျက်လုံးပေါက် မရှိလှသူ မောင်ကြီးတို့၂ယောက် မနည်းရှာရသည။် မြင်ချင်သော စင်စင်ကို မမြင်ခဲ့ရ အရေးအကြောင်းမှ ခလေးနို့သွားတိုက်နေသည်ဟုစိုသည်။ (ဒီခလေးကလဲ ဒီအချိန်မှပဲ ကတောက်!!!)
အမှားမမြင်ပဲ ပို့မိပါက စိတ်အဆိုးပဲ ညောင်းနေတာနဲ့ အတော်ပဲ ဟု ဆိုပါမည်။ အချိန်မရ၍ ဘလောက်များမဖတ်နိုင်သော်လဲ တကူးတက (နံမယ်ပါလှင်)လာရောက်အကြောင်းကြားသော ရီတာ နှင့် မမကွန်အား ကျေးဇူးတင်ပါတယ်ရှင်

ခွေဖြူ

Anonymous said...
This comment has been removed by a blog administrator.
Rita said...

နာမည်အရင်းကို ဘလော့နာမည်လို့ မှတ်လျှင်လည်း အမှားကြီး မှားပေဦးမည်။ တိုးတိုးတိတ်တိတ် မက်ဆေ့ပို့၍ မေးပါ။

NSA said...

တိုးတိုးတိတ်တိတ် ပြင်လိုက်ပါပြီ.. :P

KLNG said...

ဒါကြောင့်ဖုန်းမဆက်တာ
မကိုင်ရင်သိပ်စိတ်ဆိုးတယ်