Saturday, May 26, 2012

မိုးကုတ်

အိုင်ပက်မှာဝယ်ထားတဲ့ Mogok Browser သုံးပြီး ဘလော့စမ်းရေးကြည့်တာ။ ကွန်ပြူတာနဲ့လည်း စာရိုက် မမြန်လှပေမယ့် အိုင်ပက်မှာ လက်ညှိုး တစ်ချောင်းထဲသုံးပြီး ရိုက်ရတာလောက်တော့ မနှေးဘူးပေါ့။ ဒီကြားထဲ ဘယ်လက်နဲ့ အလျားလိုက်ကိုင်ရေးနေတုံး ညောင်းလို့ လက်လှုပ်လိုက်တာနဲ့ စခရင်က ဒေါင်လိုက် ပြောင်းသွားတာ ဆိုးတယ်။ ။

အားသာချက်ကတော့ အိပ်ယာထဲ လှဲရေးလို့ ရတယ်။ ငပျင်းများအတွက် အဆင်ပြေတယ်။ စိတ်တော့ ရှည်ရမယ်...။ အင်္ဂလိပ်လိုနဲ့ မြန်မာမှာ ယူနီကုဒ်ရော ဇော်ဂျီနဲ့ပါရေးလို့ရတယ်။

တိုတိုတုတ်တုတ်ရေးမယ့် ပို့စ်တွေအတွက် အဆင်ပြေမယ်။

ကိုကိုဒီဘီနဲ့ ကိုပေါတို့က သုံးကြည့်ပြီး အဆင်ပြေတယ် ပြောသံကြားလို့ လိုက်ဝယ်ဖြစ်တာပဲ။ US$ 2.99 ထင်တယ်။ မေ့တောင်နေပြီ။ ဒီနေ့ apple အိုင်ဖုန်း၊ပက်၊ ပေါ့ တို့မှာသုံးနိုင်တဲ့ မြန်မာကီးဘုတ် ဖေ့ဘွတ်မှာ တီဇက်ဧ တင်ထားတာတွေ့တယ်။ ယူအက်စ် ၅ ကျပ်တဲ့။ ကောင်းတယ်လို့ ဆိုတယ်။

အရမ်းအိပ်ချင်လာပြီး ရေးစရာလည်းကုန်ပြီ။ ဟို အစ်မကြီး အိပ်ငိုက်ပြီး ဘလော့မှာ သတ်ပုံတွေမှားတာ ချစ်ချင်စရာ၊ ရယ်ချင်စရာပေမယ့် လိုက် တု လို့ မဖြစ်ချေဘူး။ ကိုယ်မှားတာက ရိုက်ချင်စရာဖြစ်နေရင် အခက်မို့ ဒီတွင် ရပ်မှတော်မယ်။

4 comments:

TZA said...

အလျားလိုက် ဒေါင်လိုက် လျှောက်ပြောင်းမနေအောင် orientation ကို lock လုပ်ထားလို့ရတယ်လေ။ Home button ကို နှစ်ချက်ဆင့်နှိပ်ပြီး စကရင်အောက်ဖက်မှာ ပေါ်လာတဲ့ (active ဖြစ်နေတဲ့) apps တွေကို ညာဖက်ဆွဲသွားလိုက်ရင် ဗယ်ဖက်အစွန်ဆုံးမှာ အသံ၊ အလင်းအမှောင်၊ အလျားလိုက်(သို့) ဒေါင်လိုက် စတာတွေ setting လုပ်လို့ရတဲ့ option ခလုပ်လေးတွေ တွေ့ပါလိမ့်မယ်၊ စမ်းကြည့်ပါ။

su said...

အင်း screen lock လုပ်တာပြောပြမလို့
ကလေးအဖေလက်ဦးသွားလို့မပြောတော့ဘူး

Ko Boyz said...

ကလေးအဖေ လက်ဦးသွားလဲ ကလေးအမေ ထပ်ပြောပြလို့ မှုံတို့အမေ စိတ်မဆိုးပါဘူးတဲ့...။

စကားမစပ်.. အဲဒီ ၅ ကျပ်ပေးဝယ်ရတာလေးက Device တစ်ခုနှုန်းနော်..။
ဥပမာ အိုင်ပက်အတွက် ဝယ်ရင် အိုင်ပက်မှာပဲ သုံးလို့ရမယ်တဲ့..။
အိုင်ဖုန်းအတွက်ဆိုရင် သတ်သတ် နောက်တစ်ခု ဝယ်ဖို့လိုလိမ့်မယ်တဲ့...။ Device ချင်းမတူလို့တဲ့...။

ဆိုတော့ ကိုယ်ဘယ်မှာ သုံးချင်သလဲဆိုတာ ဆုံးဖြတ်ပြီး ဝယ်ပါ...။
အိုင်ပက်အတွက်ပဲ သုံးဖို့များပါတယ်။

NSA said...

Thz all i experts.. ;P