Thursday, May 10, 2012

သမီးလေး May 1st week.


သမီးလေး.. အပြင်သွားရင် လှည်းထဲမှာ ငြိမ်ငြိမ်မထိုင်တော့ပဲ မတ်တပ်ထ ထ ရပ်တာ၊ တခါတလေ ထိုင်နေရင်း က လက် ၂ ဘက် နဲ့ရော ကိုယ်လုံးနဲ့ရော လှည်းကို လှုပ်တာ လှည်းကလေးမှာ သိမ့်သိမ့်ခါလို့ပဲ...။
သမီးနဲ့အမေ ၂ ယောက်တည်း အိမ်နားဝန်းကျင်လျှောက်ရင်း သမီးငြိမ်ငြိမ်မနေရင် (သမီးကိုချီပြီး လက်တစ်ဘက်က လှည်းတွန်းဖို့ မဖြစ်နိုင်လို့ )  အမေက ပခုံးဖိပြီး ပြန်ထိုင်ခိုင်းရတယ်။ ဖေဖေပါ ပါရင်တော့ တစ်ယောက် က ချီ ၊ တစ်ယောက်က လှည်းတွန်းရတာပေါ့။

ဒီနေ့ညနေ ဖေဖေနဲ့ JCube မှာ ချိန်းပြီး မက်ဒေါ်နယ်စားပြီး အပြန် သမီးလှည်းမစီးချင်လို့ ဖေဖေ ချီလာတုံး သမီးက လူပေါ်က အတင်းလျှောဆင်းတော့တာပဲ။ အတင်းပွေ့ချီထားလို့လည်းမရ တွန်းထိုး ရုန်းကန် ပြီး အောက်ဆင်း ချင်နေတာ.. ။ အောက်ချပေးလိုက်တာ နဲ့ ပျော်ရွှင်မြူးထူးပြီး လျှောက်ပြေးနေတော့ တာ၊ ည ၈ နာရီခွဲလောက် JCube ဝင်ပေါက်မှာ လူတွေက ရှုပ်ပါဘိနဲ့ ၊ လူတကာ ဒူးလောက်ရှိတဲ့ သမီးလေး သွားနေတာ မမြင်ပဲ တက်နင်းသွားမှာစိုးလို့ လိုက်ဖမ်းပြီး ချီလည်း အချီမခံ.. "တဟေးဟေး" အော်ပြီး ပြေးလွှားနေတော့တာပဲ။ စက်လှေခါးအတက်ရော၊ အဆင်းရောနဲ့ နီးလို့ ဘယ်လိုမှ စိတ်မချရဘူး၊ အတက် စက်လှေကားဘေးကပ်ရက်မှာ လူ အသွားအလာ နည်းနည်းရှင်းလို့ အဲဒီနားမှာ ပြေးခိုင်းထား ရတယ်။ ထောင်ထားတဲ့ ရဲသားရုပ်ကလေးကို လှမ်းပုတ်လိုက် ၊ ဟိုဆိုင်ထဲ ဝင်မလို ဒီဆိုင်ထဲ ဝင်မလိုနဲ့ ။ အနားက SK ရတနာဆိုင်ထဲကလူတွေနဲ့ ဖြတ်သွားဖြတ်လာတွေက သမီးကို ကြည့်ပြီး ရယ်လို့..။ ခါတိုင်း မေမေ့ဆီက ဖုန်းရရင် အားလုံးမေ့သွားပေမယ့် ဒီတစ်ခါ ဖုန်းနဲ့ မျှားခေါ်လည်း မရတော့ဘူး။ တော်တော်ကြာမှ သမီးကို အတင်းချီပြီး ထွက်လာရတယ်။

https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=fd385bad02&view=att&th=13737ac09616d5dc&attid=0.1&disp=inline&safe=1&zw&saduie=AG9B_P-pHciMHizND7Abxsi5ylxc&sadet=1336719859071&sads=dMbkE5V4TJHny3DFLAueDt7CD4k
Hello, Mr. Policeman...

http://youtu.be/xVNwgcZ2qoo
http://www.youtube.com/watch?v=xVNwgcZ2qoo&feature=channel&list=UL

Jurong East MRT အောက်ထဲရောက်တော့ တစ်ခါ လုပ်ပြန်ရော၊ အောက်ကို အတင်းလျှောဆင်း၊ ပတ်ပြေး၊ သမီးဖေဖေက နောက်က လိုက်ထိန်းရ၊ ဒီတစ်ခါ မေမေက သမီးအလစ်မှာ ကောက်ပွေ့ပြီးခေါ်လာလို့။ ဒါတောင် စက်လှေခါးမှာ လျှောဆင်းဖို့ ကြိုးစားနေသေးတာ။ 

4x539cpfxptplahmvaspzdrdg9nw34nq
အောက်ကို ဆင်းချင်တယ်..။ ဆင်းရမှ ဖြစ်မယ် ..။


MRT စီးတော့လည်း အငြိမ်မနေ။ ခါတိုင်းလည်း မငြိမ်ပေမယ့် ဒီတစ်ခါတော့ ခါတိုင်းထက်ကို ပိုပြီး တက်ကြွလှုပ်ရှားနေတာ...။ ခါတိုင်း သွားရင်းလာရင်း အငြိမ်မနေလို့ အဖေ၊ အမေက အတင်းလိုက်ဆွဲရ၊ ဖမ်းရတဲ့ ကလေးတွေ မြင်ဖူးတာ .. သမီးလေးလည်း အဲဒီလိုဖြစ်ဖို့ ဒီနေ့ စ တာများလား..။

အိမ်ပြန်ရောက်တော့ သမီးကို ချီထားရာက အောက်ချမရတော့ဘူး၊  သမီးက ဖားကပ်ကလေး ပြန်ဖြစ် သွားရော..။

ဖေဖေကတော့ သူမပါပဲ မေမေနဲ့ သမီး လှည်းနဲ့ ၂ ယောက်တည်း အပြင်ထွက်လို့ ဖြစ်မှာ မဟုတ်တော့ဘူး တဲ့။ ဒီနေ့လို ပုံစံမျိုးဆို မေမေတစ်ယောက်တည်းနဲ့ ဖြစ်မှာ မဟုတ်တာ အသေအချာပဲ သမီးရေ.....။ 

ဒီနေ့ Facebook မှာ တင်ထားတဲ့ အမေ့ရဲ့ Status :
မှုံနံ့သာ ဖားကပ်ဖြစ်နေ၍ သူ့အမေ သားပိုက်ကောင်ဖြစ်နေသည်။ အပြင်ရောက်တော့ သမီးက စိန်မျောက်မျောက်ဖြစ်သွားပြန်ရော...။
သူ့အနားက ခွာမယ်ကြံရယ်.. အတင်းတွယ်ထားတာ.. မတ်တပ်ရပ်ရင် ဒူးကို ဖက်ထား... ချီထားခိုင်း.. ချမယ်ကြံရင် ခဏတောင် ချမရ..အတင်း ကုပ်ကပ် တွယ်ထားတာ.... ဘာမှ ထလုပ်လို့ မရဘူး...
ကပ်နေတာ .တစ်ပတ်လောက်ရှိပြီ..သူ့အဖေရှိရင် အဖေကိုကပ်၊ မရှိရင် အမေကို ကပ်တယ်..။




6 comments:

JuneOne said...

ဟုတ်လိမ့်မယ် မမစင်စင်။သမီးလေး ငယ်ငယ်တုန်းက တွန်းလှည်းစီးရင် မတ်တတ် ထရပ်လို့ တွန်းလှည်းနဲ့ မခေါ်ဘူး။MRT ပေါ်မှာဆိုလဲ အောက်ကိုဆင်း။MRT stop ၁ခု ရပ်တိုင်း ဆင်းမယ်လုပ်တယ်။အိမ်မှာ အကိုလုပ်သူ မ၇ှိရင်ချီခိုင်းထားတာ ပဲ။

Anonymous said...

ဖားမေမေသားပိုက်ကောင် pif pif

Anonymous said...

ကလေးကို ချည်တဲ့ကြိုးသာဝယ်ထားလိုက်တော့။ ခွေးကလေးတွေကို ချည်ထားသလိုမို့ ကြည့်မကောင်းရင် အခုနောက်ပေါ်တာ အကောင်ပုံကျောပိုးအိတ်လေးတွေ။ ကလေးပေါ်မှာ အရုပ် ကျောပိုးအိတ်လေးလွယ်ထားသလိုပဲ။ ကျောပိုးအိတ်မှာ အပေါက်လေး၂ခုကနေ ကြိုးရှိပြီး အဖေ အမေက ကိုင်ရုံပဲ။ သူလဲစတိုင်ကျ ကိုယ်လဲစိတ်မပူရတော့ဘူး။ လင့်ရှာပြီး ပို့ပေးမယ်နော်။

Anonymous said...

အပေါ်က ပြောသလိုဘဲ ကြိုးနဲ့ထိမ်းပါ အမ
တခုခုဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူး။
ဒီအရွယ်လေးတွေက အဲလိုဘဲ။
အိမ်မှာနေလဲ သတိထားပါ အမရယ်
ဟိုနေ့က မသက်နန်ဒါမှာ ရေးတဲ့ စာအုပ်ထဲကလို သွားကျိုးပြီး သွားဖုံးထဲ ၀င်သွားတာ ဖတ်ရတာ စိတ်မကောင်းလိုက်တာ

Anonymous said...

http://www.mypreciouskid.com/toddler-backpack-harness.html

:P said...

လာဖတ်သွား၊ အကြံပေးသွားတဲ့ မိတ်ဆွေတွေ သမီးလေးအတွက်စိုးရိမ်လို့ သတိပေးသွားတဲ့မိတ်ဆွေတွေကို ကျေးဇူး သိပ်တင်ပါတယ်။ ကြိုးဆွဲတဲ့ကျောပိုးအိတ်ကလေး ပြတာ ကျေးဇူးပါ။


NSA