Monday, June 25, 2012

ကာကွယ်ဆေး(၃)

 ကာကွယ်ဆေး(၁)
ကာကွယ်ဆေး(၂)

ဒီနေ့ သမီး  နမိုးနီးယားကာကွယ်ဆေး (ဒုတိယ/ နောက်ဆုံးအကြိမ်) ထိုးသည်။ ညာဘက်ပေါင်မှာဖြစ်သည်။

ဆေးထိုးတုံး မိနစ်ဝက်လောက် အာပြဲနှင့်အော်ငို၍ ပုံမှန်အတိုင်း လက်လက်လန်အောင် ဆော့သည်။
ပေါင်ချိန်ကြည့်တော့ 9.6 Kg ၊ သမီး ပေါင်ချိန် တက်မလာ၊ အရင်အတိုင်းပဲ။ ဆရာမက ဒီကြားထဲ ပေါင်ချိန်က တက်လာလိုက် နေမကောင်းရင် ပြန်ကျသွားလိုက်နဲ့မို့ ဖြစ်နိုင်သည်တဲ့။ အလေးချိန်တိုးမလာသေးပေမယ့် ပုံမှန်ရှိသင့်တဲ့ အလေးချိန်ထက်တော့ နည်းမသွားသေးလို့ စိတ်မပူပါနဲ့တဲ့။ သမီးအစာမစားပဲ နေတုံးပဲလား တဲ့၊ ဟုတ်တယ်လို့ပြောတော့ နောက် ၃ လ တစ်ခေါက်ပြန်လာပြတဲ့အခါ ဒီတိုင်းပဲဆို ဆရာဝန်ကိုပြောပါတဲ့။

ဆေးထိုးပြီးအပြင်ထွက်လာတော့ အငိုတိတ်.. တခြားအခန်းတွေကိုလိုက်စပ်စုနေတဲ့ သမီးလေး


နောက် ၃ လနေရင် MMR နဲ့ ပိုလီယို ထိုးရမည်။ စီမံချက်တိုင်းထိုးသော ဆေးများ၏ နောက်ဆုံးအခေါက်မို့ ဆရာဝန်ပြရမည်။ သမီး အစာမစားတဲ့ ကိစ္စက ဆရာဝန်ကိုပြော.. ဆရာဝန်က အကြံတွေပေး... အရင်လိုတွေပဲ ဖြစ်နေမှာစိုးသည်။ သမီးဖေဖေကတော့ သမီးအတွက် ကလေးထမင်းကောင်းကောင်း ချက်ပြုတ်တတ်၊ ဝင်အောင်ကျွေးတတ်တဲ့ အတွေ့အကြုံရှိသူ တစ်ဦးဦးကို ခေါ်ထားဖို့ စဉ်းစားစ ပြုနေသည်။ 

သမီးရေ.....နွားကို သမီးလေး မြင်ဖူးစေချင်ရင် အရုပ်ပဲပြရတော့မှာလား..အမေ အတွေးတွေ နယ်ချဲ့နေတယ်။



သမီးက အမေနို့ကို စွဲစွဲလမ်းလမ်းစို့တုံးပဲမို့.. ကလေးအစာစားစေချင်ရင် နို့ဖြတ်လိုက်ရန် အကြံပေးသူများ လည်း ရှိသည်။ စေတနာနှင့်ပေးသောအကြံများအားလုံးကို တန်ဖိုးထား စဉ်းစားပါသည်။ ဒါက်ရဲ ဆောင်းပါး လက်ကိုင်ပြုလျှက်မေမေ့နို့ကိုတော့ သမီးလေး မစို့ချင်တော့မှသာ ဖြတ်ဖို့ (အခုအချိန်ထိ) စဉ်းစားထားပါသည်။ေ  ကျောင်းတက်တဲ့အချိန်ရောက်လို့ နို့စွဲနေတုံးဆို ခက်မှာလား.....။ စဉ်းစားစရာ တပုံတပင်နှင့် မေမေ..... သမီးလေးကတော့ နေ့လည်က ၂ နာရီကတည်းကအိပ် ညနေ ၆ နာရီမှ နိုး.. ည တစ်ခါ ပြန်အိပ်သွားပြန်ပါပြီ.....။ 
အပြန်လမ်းတစ်လျှောက်လုံး လှည်းထဲ ထည့်မရပဲ အမေ့ရင်ခွင်ထဲမှာ အိပ်ပျော်ပြီး ပါလာတဲ့သမီးလေး



2 comments:

mstint said...

မောင်ကြီးအကြောင်းပြီးတော့ သမီးလေးအကြောင်း ဆက်ဖတ်သွားတယ် စင်စင်ရေ။ သမီးလေးအကြောင်း ဖတ်ရင်း မိခင်တစ်ယောက်ရဲ့ မေတ္တာတရား ကြီးမားပုံကို ပုံဖော်လို့ရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

JuneOne said...

ကလေးထမင်းကောင်းကောင်း ချက်ပြုတ်တတ်၊ ဝင်အောင်ကျွေးတတ်တဲ့ အတွေ့အကြုံရှိသူ တစ်ဦးဦးကို ခေါ်ထားရင်လဲ သိပ်တော့ထူးမယ်မထင်ဘူး။သူစားချင်စိတ်၇ှိရင် ဘာမဆိုစားတယ်။သူ့ကို ကစားကွင်းတွေခေါ်သွားပြီး ကစားနေတုန်းကျွေးရင်ကော။ရွာကတူ၁ယောက်လဲ ထမင်းမစားလို့ စားအောင် ဆိုက္ကားနဲ့မြို့ပတ်စီးပြီး ဆိုက္ကားပေါ်မှာကျွေးရတယ်။