Monday, October 29, 2012

သီတင်းကျွတ်ပြီ

ဓာတ်ပုံ-  အင်တာနက်
သီတင်းကျွတ်ပြီ ........။
Facebook ကြည့်မိတော့ ရွာက သီတင်းကျွတ်ကို သတိရမိသလိုလို ...။

ဘာမှတော့ ထူးထူးခြားခြားမရှိလှ .... ဘုရားစင်နဲ့ တစ်အိမ်လုံး အိမ်ရှေ့လမ်းအထိ ဖယောင်းတိုင်တွေ စီပြီးထွန်းတာရယ်..၊ အဖေနဲ့ အမေကို လာကန်တော့တဲ့မုန့်တွေ ကပ်စားရတာရယ်..။ မိဘ ၂ ပါးကို မောင်နှမတွေ စုကန်တော့၊ ဦးလေးတွေကို မိသားစုလိုက် လိုက်ကန်တော့၊ ဆရာ ဆရာမတွေကို သူငယ်ချင်း တတွေစုကန်တော့.. ဒါလောက်ပဲ ..။

ဒိထက်ငယ်ငယ်တုံးက မီးရှုး မီးပန်းလေးလွှတ်၊ ဗျောက်အိုးလေး ဘာလေးဖောက်၊ မီးထွန်းတာတွေ လိုက်ကြည့် ၊ မီးထွန်းတာတွေ လိုက်ကြည့်ရတာလဲ သက်စွန့်ဆံဖျားပဲ ...၊ နောက်ကနေ ကိုယ့်ဂါဝန်အောက်၊ ထမီအောက် ဗျောက်အိုး ပစ်ထည့်တတ်တဲ့ လူဆိုးတွေရန်ကို ကြည့်ရှောင်ရသေးတာ ...။

ငယ်ငယ် ၉ နှစ် ၁၀ နှစ်အရွယ်လောက်ထိတော့ ရွာမှာ သီတင်းကျွတ်ပွဲက တော်တော်စည်သေးတာ..။ လျှပ်စစ်မီးတွေ တစ်လမ်းနှင့်တစ်လမ်း အပြိုင်သွယ်ကြတာ။ ကြာလာလေ မစည်ကားတော့လေပဲ ။ လပြည့်နေ့မတိုင်မီတော့ ကျောင်းမှာ သီတင်းကျွတ်နဲ့ ပတ်သက်တဲ့ စာစီစာကုံးပြိုင်ပွဲဝင်ဖို့ အားထုတ်ရသေးတာ။ စာအုပ်တွေ ၊ သတင်းစာဆောင်းပါးတွေ ထဲက ကောင်းနိုးရာရာ အပိုဒ်တွေကူး၊ ပြန်ချောအောင်ရေး၊ အလွတ်နီးပါးရအောင်ဖတ်၊ ပြန်ရေး.. ဒါပါပဲ ..။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ကွန့်ပြီးရေးရဲတာဆိုလို့ အတန်းထဲမှာရေးရတဲ့ တချို့အပုဒ်ရယ် ၊ ဖတ်ထားပြီး ခေါင်းစဉ်မတိုးတဲ့ အချို့သော စာမေးပွဲများမှာရယ်ပေါ့ကွယ်.... ။ :P

၉ တန်း ၁၀ တန်းလောက်က ကျွန်မတို့သူငယ်ချင်း တစ်အုပ်ကြီးရယ်၊ ၈၈ ကြောင့် ကျောင်းပိတ်နေတဲ့ တက္ကသိုလ်ကျောင်းသူ ကျွန်မအစ်မငယ် နဲ့ သူ့သူငယ်ချင်းတချို့ရယ်က အဖွဲ့ကျသည် ( ဒီအဖွဲ့ထဲ မောင်ကြီးပါတာကို ထည့်မရေးတော့ပါဘူး...  by the way ပေါ့ .. :D) ။ သီတင်းကျွတ်ပြီဆိုရင် အဖွဲ့ထဲက ကိုယ့်ထက်ကြီးတဲ့လူမြင်တာနဲ့ ထိုင်ကန်တော့၊ မုန့်ဖိုးပြန်ယူတော့တာ။ မုန့်ဖိုးက မများလှ ၁ ကျပ်တန် တစ်ရွက်သာ၊ အစပိုင်းတော့ မိန့်မိန့်ကြီးနဲ့ အေး ကန်တော့စမ်း ဟု ဆိုနိုင်ပေမယ့် လူများလာတဲ့အခါ၊ ပြီးတော့ ကန်တော့ပြီးသားလူက ထပ်ခါ ထပ်ခါ ကန်တော့တဲ့အခါ တော်တော် ထိသည်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကျော်၊ ငွေကလည်း တန်ဖိုးရှိတဲ့အချိန်ကိုး၊ တစ်ပတ်ပဲ ကြီးလည်း ထိုင်ကန်တော့ ၊ ပိုက်ဆံရဖို့က လိုရင်းကိုး၊ ၅ နှစ်မပြည့်ခင် အသက်လိမ်ကျောင်းအပ်ထားတဲ့ ကျွန်မက ပိုက်ဆံအရဆုံးပဲ ^.^..။ ကြီးတဲ့လူတွေက နောက်တော့ ပတ်ပြေးနေရတော့တာ...။ အဲဒါတွေ ပြန်သတိရသည်။

သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကျ ၊ ကျွန်မတို့မြို့ကနေ ၁ မိုင်အကွာ ရန်ကုန်ဘက်သွား ကားလမ်းပေါ်က တံခွန်တိုင်ရွာမှာ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ်၊ ထိုးမုန့် ... တွေကို ဘုန်းကြီးကျောင်း မှာလည်း ကျွေးသည်။ အိမ်ပေါက်စေ့ ကလည်း မုန့်တွေ လုပ်ပြီး သိသိ၊ မသိသိ လာသမျှလူ မည်သူမဆို ဝင်စားလို့ ရသည်။ ညနေ နေအေးချိန် ၅ နာရီ ၆ နာရီလောက်ဆို မြို့ကလူတွေ ရှိုးစမိုးအပြည့်နဲ့ ရန်ကုန်ပြည်လမ်းတလျှောက် စက်ဘီးကိုယ်စီစီး ၊ တချို့လူကြီးတွေက ဆိုက်ကားနဲ့၊ တံခွန်တိုင်ကို မုန့်စား ချီတက်ကြပြီ။ အခုတော့ ဆိုင်ကယ်တွေနဲ့ သွားကြမည် ထင်သည်။ ရေးနေရင်း မြင်ယောင်မိသေးသည်။


မီးတွေမှိတ်ပြီး အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်ချ ထိုင်၊ လေတဖြူးဖြူးတိုက်တာ အရသာခံ၊ အရှေ့ဘက် ကနေ တဖြည်းဖြည်းမြင့်တက်လာတဲ့ လမင်းကြီးကို ကြည့်ရင်း ငိုက်မြည်း ... အရသာ ရှိခဲ့သောဘဝပါလား...။

ပို့စ်နဲက ဘာမှ မဆိုင်သော်လည်း ကိုယ်ကြိုက်တာလေးတွေ စားရတုံး မှတ်တမ်းတင်ထားတာ :P

ဒီနေ့စားဖြစ်တဲ့ မြင့်မြင့်ခင် ထောပတ်ထိုးမုန့်

ဒီသီတင်းကျွတ် အမှတ်တရကတော့ ဒီနေ့ မောင်ကြီးကို စိတ်ကောက်နေပါတယ်ကွယ်... အဲငှယ်

3 comments:

JuneOne said...

ထိုးမုန့်လား...ဖဘ ပေါ်မှာတွေ့တော့ ၀က်ဆီဖတိထင်နေတာ..သူများတို့မြို့မှာဆို ကျက်ပျံမကျပေါ့...တာဝတိန်သာ ဘုရားပွဲလေ...လူဆိုတာ လမ်းပေါ်မှာ လျောက်စရာမလိုဘူ။ရပ်နေလိုက်တာနဲ့ အလိုလိုေ၇ွ့တယ် လူများလွန်းလို့လေ နောက်က တွန်းတာနဲ့။ဝင်္ကပါတို့ ဘာတို့လဲရှိ။အနီးအနား အနယ်နယ်က လာကြတာပဲ

Unknown said...
This comment has been removed by the author.
Unknown said...

တို့များမြို့ကတော့ မြသလွန် ဘုရား ပွဲတော်ကြီးပေါ့။ သိပ်စည်သလေ..:)

ခင်မင်စွာဖြင့်
Thiha Thit