 |
ဓာတ်ပုံ- အင်တာနက် |
 |
ဘလော့ကြွလာ မိတ်သဟာအပေါင်း ပျော်ရွှင်တဲ့ ခရစ်စမတ်ဖြစ်ပါစေ..... |
 |
ဘလော့ကို ကြွမလာဖြစ်တဲ့ မိတ်သဟာတွေအိမ်ကိုလည်း ကောင်းချီးမင်္ဂလာ ရောက်ပါစေ.....။ |
|
|
|
|
|
 |
အို...တိုတို ပြောရရင်တော့ အားလုံး ခရစ်စမတ်၊ နှစ်သစ်ကူးပိတ်ရက် များများရ၊ ဘောနပ်စ်တွေ များများရပြီး အလုပ်တွေ နည်းနည်းပဲ လုပ်ကြရပါစေ...။ :P |
 |
Blog ပိုင်ရှင်ကတော့ ဒီနေ့ .... (အဲလေ..မနေ့ကပေါ့ .. ) ခရစ်စမတ်အကြို
တစ်နေ့လုံး အိမ်သန့်ရှင်းရေး (အကြီးစား) လုပ်ရတာ သိပ်ပြိုင်းပါတယ်...။ |
 |
ဖုန်တွေ၊ ချွေးတွေ ညစ်ပေတူးပြီး ကလေးလက်ဆွဲ ပြန်လာတုံး တချို့အိမ်တွေမှာ ခရစ်စမတ်စားပွဲ၊ သောက်ပွဲတွေ ပြင်ဆင်နေကြ၊ ကွင်းပြင်လေးမှာ ဘာဘီကျူးလုပ်ဖို့ ပြင်နေတာကို မြင်ခဲ့တော့ |
 |
ခံစားရတယ်... တကယ်ပဲ .... |
 |
စင်ကာပူမှာ ပူအိုက်လွန်းလို့ ဒီလို ခရစ်စမတ် မီးလင်းဖို ဘယ်လုပ်နိုင်ပါ့မလဲလေ...(လို့..ကွကိုယ် ဖြေသိမ့်) |
 |
ကွန်ပလိန့်မတက်တတ်သေးတဲ့ ကိုယ်ပိုင် မော်ဒယ်လ်လေးကို ဓာတ်ပုံတွေရိုက်ပြီး၊ ဖုန်းထဲကနေ ခရစ်စမတ် Photo Frame application တွေ ဒေါင်းလုဒ်လုပ်ပြီး ကလိနေလိုက်တယ်။ |
 |
ရှားရှားပါးပါး ရတဲ့ တည်တည်ကြည်ကြည်ထိုင်နေတဲ့ ပုံကလေးနဲ့ နှုတ်ဆက်ရင်း ဘလော့ အသက်သွင်းခြင်း၊ ပုံနဲ့ ဆားချက်ခြင်း အလုပ်ကို နိဂုံးချုပ်လိုက်ပါတယ်.... ဖြောင်း..ဖြောင်း...ဖြောင်း..... ရွှီ |
|
MERRY CHRISTMAS TO YOU ALL !!!!
1 comment:
♥•Merry Christmas !!!
°_██_*。*./ \ .˛* .˛.*.★* *★ 。*
˛. (´• ̮•)*˛°*/.♫.♫\*˛.* ˛_Π_____. * ˛*
.°( . • . ) ˛°./• '♫ ' •\.˛*./______/~\ *. ˛*.。˛* ˛. *。
*(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬ .
¯˜"*°•♥•°*"˜¯`´¯˜"*°•♥•°*"˜¯` ´¯˜"*°´¯˜"*°•
Post a Comment