Monday, December 24, 2012

Merry Christmas 2012

ဓာတ်ပုံ- အင်တာနက်



ဘလော့ကြွလာ မိတ်သဟာအပေါင်း ပျော်ရွှင်တဲ့ ခရစ်စမတ်ဖြစ်ပါစေ.....



ဘလော့ကို ကြွမလာဖြစ်တဲ့ မိတ်သဟာတွေအိမ်ကိုလည်း ကောင်းချီးမင်္ဂလာ ရောက်ပါစေ.....။







အို...တိုတို ပြောရရင်တော့ အားလုံး ခရစ်စမတ်၊ နှစ်သစ်ကူးပိတ်ရက် များများရ၊ ဘောနပ်စ်တွေ များများရပြီး အလုပ်တွေ နည်းနည်းပဲ လုပ်ကြရပါစေ...။ :P




Blog ပိုင်ရှင်ကတော့ ဒီနေ့ .... (အဲလေ..မနေ့ကပေါ့ .. ) ခရစ်စမတ်အကြို တစ်နေ့လုံး အိမ်သန့်ရှင်းရေး (အကြီးစား) လုပ်ရတာ သိပ်ပြိုင်းပါတယ်...။


ဖုန်တွေ၊ ချွေးတွေ ညစ်ပေတူးပြီး ကလေးလက်ဆွဲ ပြန်လာတုံး တချို့အိမ်တွေမှာ ခရစ်စမတ်စားပွဲ၊ သောက်ပွဲတွေ ပြင်ဆင်နေကြ၊ ကွင်းပြင်လေးမှာ ဘာဘီကျူးလုပ်ဖို့ ပြင်နေတာကို မြင်ခဲ့တော့


ခံစားရတယ်... တကယ်ပဲ ....

စင်ကာပူမှာ ပူအိုက်လွန်းလို့ ဒီလို ခရစ်စမတ် မီးလင်းဖို ဘယ်လုပ်နိုင်ပါ့မလဲလေ...(လို့..ကွကိုယ် ဖြေသိမ့်)


ကွန်ပလိန့်မတက်တတ်သေးတဲ့ ကိုယ်ပိုင် မော်ဒယ်လ်လေးကို ဓာတ်ပုံတွေရိုက်ပြီး၊ ဖုန်းထဲကနေ ခရစ်စမတ် Photo Frame application တွေ ဒေါင်းလုဒ်လုပ်ပြီး ကလိနေလိုက်တယ်။


ရှားရှားပါးပါး ရတဲ့ တည်တည်ကြည်ကြည်ထိုင်နေတဲ့ ပုံကလေးနဲ့ နှုတ်ဆက်ရင်း ဘလော့ အသက်သွင်းခြင်း၊ ပုံနဲ့ ဆားချက်ခြင်း အလုပ်ကို နိဂုံးချုပ်လိုက်ပါတယ်....  ဖြောင်း..ဖြောင်း...ဖြောင်း..... ရွှီ 



MERRY CHRISTMAS TO YOU ALL !!!!

1 comment:

သီရိရတနာ said...

♥•Merry Christmas !!!

°_██_*。*./ \ .˛* .˛.*.★* *★ 。*
˛. (´• ̮•)*˛°*/.♫.♫\*˛.* ˛_Π_____. * ˛*
.°( . • . ) ˛°./• '♫ ' •\.˛*./______/~\ *. ˛*.。˛* ˛. *。
*(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬ .
¯˜"*°•♥•°*"˜¯`´¯˜"*°•♥•°*"˜¯` ´¯˜"*°´¯˜"*°•