Saturday, February 2, 2013

Baby & Barney

ဖေဖော်ဝါရီကိုရောက်လာပြန်ပြီ၊ တကယ်ပဲ အလုပ်ရှုပ်သည်။ အရင်အပတ်က မောင်ကြီး တုပ်ကွေးဖျားတာ တစ်ပတ်တိတိ ကြာသည်။ သူလည်း အတော်နုံးချိသွား၊ ကိုယ်လည်း အင်တာနက်မှာ ဘလော့တွေဘယ်မှ ခြေဦးမလှည့်နိုင်ဖြစ်သွားသည်။

အရင်လ ၂၁ ရက်နေ့ မောင်ကြီးမွေးနေ့ မတိုင်မှ တစ်ရက် ကလင်မန်တီက Kiddy Palace ကလေးပစ္စည်းဆိုင် ရောက်တုံးက ပုံတွေပင်၊ သမီးလေးသည် မွေးပွ အရုပ်များကို ဖက်ရကောင်းမှန်း ကစားရကောင်းမှန်းမသိ၊ အဲဒီနေ့ကမှ သူ တီဗီမှာ ကြည့်နေကျ Barney and Friends မှ ဘာနေ အရုပ်ကိုမြင်ကာ ပူဆာသည်။ သူ လက်ညှိုးထိုးပြတာက သူ၂ ကိုယ်စာလောက်ရှိသော ဘာနေရုပ်ကြီးဖြစ်၍ သူ့အမေက မသိမသာ ဈေးနှုန်းဖတ်ကြည့် 69.90 S$ ဆိုတာနှင့် မသိချင်ယောင်ဆောင်နေ၊ ကလေးကို ၁၂ ဒေါ်လာတန် လက်သီးဆုပ်လောက် ဘာနေရုပ် အသေးဆုံးကလေးပေးကာ နှစ်သိမ့်ထားသည်။  ကလေးက အလတ်စား ၂၉.၉ ဒေါ်လာတန် အရုပ်ကို ဆွဲချ၍ အရုပ်လဲပေးလိုက်ရသည်။ 


Barney ရုပ်ရပြီ ဆိုတာနဲ့ ပြုံးပျော်သွားတာ


သူ့အမေက ခါတိုင်းလို ကောင်တာနားရောက်ကာနီးမှ စိတ်ပြောင်းကာ ချထားခဲ့လို ချထားခဲ့ငြား တိတ်တိတ် မျှော်လင့်နေသေးသည်။ သို့သော် သမီးသည် ဘာနေကို တီဗီထဲမှာ မြင်ပြီးများ ရင်းနှီးနေသလားမသိ၊ မခိုင်းရပဲ အရုပ်ကို အာဘွားတွေ ပေးသည်။ တစ်ချိန်လုံးပွေ့ဖက်ထားသည်။


Barney အရုပ်လေးရရချင်းပဲ မီးမီး အာဘွားပေးလိုက်တယ်။

ခါတိုင်း အရုပ်ကို လက်ညှိုးထိုးပြ၊ ယူပေးလိုက်ပြီး ခဏပဲကိုင်ပြီး ချထားခဲ့သော်လည်း ဒီတစ်ခါတော့ တစ်လမ်းလုံး အိမ်အထိ တပွေ့တည်းပွေ့လာသည်။

ကလေးတွေမှာ သူ့အဖော်လို သဘောထားတဲ့ အရုပ်လေးတစ်ရုပ် ရှိတတ်တာ၊ သွားလေရာ ခေါ်သွား၊ အတူတူအိပ် လုပ်တတ်တာ စာထဲ ဖတ်ဖူး၊ အပြင်မှာလည်း အရုပ်ဟောင်းလေးပေမယ့် သွားလေရာပွေ့သွားတတ်သူလေးတွေ မြင်နေတာမို့ အဲလိုဖြစ်သွားလား ထင်မိသေး၏။



Barney က စပယ်ယာ၊ မီးမီးက ဒရိုင်ဘာ

နောက်နေ့ မောင်ကြီးမွေးနေ့ အပြင်မှာ ချိန်းပြီး ညစာစားဖို့ပြင် ၊အိမ်ကထွက်တော့ ဘာနေရုပ် ကိုပွေ့ထွက်လာသည်။ သူပွေ့တာခဏ၊ ကိုယ်က တစ်လမ်းလုံး အလုပ်ရှုပ်မှာမို့ ထားခဲ့ခိုင်းလည်းမရသဖြင့် ကလေးရော အရုပ်ပါ တစ်လမ်းလုံး ချီလိုက်ရသည်။

သူကြည့်နေတဲ့ ဇာတ်လမ်းထဲကလို Barney က အရုပ်သေးသေးလေးကနေ အကြီးကြီးဖြစ်သွား၊ ကလေးတွေနဲ့ တူတူကစားသလို သူနဲ့ တူတူ ကစားမယ်လို့များ ထင်နေရှာလေသလား....

သူကသာ ပွေ့ဖက်လိုက်၊ ချီလိုက်၊ အာဘွားပေးလိုက် လုပ်နေသော်လည်း အမေလုပ်သူက အနှီအရုပ်ကို ပွေ့ဖက် ချော့မော့လိုက်သည်နှင့် ကြမ်းပေါ် လူးလိမ့် စိတ်ကောက် ငိုပွဲဆင်တော့သည်။ သြော်... အမေကို တိုထွာရှာလေသော သမီးလေးကို ပိုပြီး ချစ်စနိုးဖြစ်စရာပါပေ။

5 comments:

AMK said...

ချစ်စရာမှုံလေး ပို့ စ်တွေ ကို facebook လဲ update လုပ်ပါ မှုံမေမေ စင်စင် ရဲ့ 

လရိပ်အိမ် said...

ချစ်စရာလေးနော်။ သူ့ကိုမချစ်တော့မှာစိုးလို့ :)

Anonymous said...

အိမ်က သမီးလေးနဲ့ ၁ ပတ်ဘဲကွာတာမို့လို့ ဒီblog ကို အမြဲဖတ်ဖြစ်တယ် comment တော့ တခါမှ မရေးဖြစ်ဘူး အိမ်က သမီကလဲ အဲဒီလိုဘဲ clementi mall kiddy palace ကိုေ၇ာက်ရင် အရုပ်တွေ တခုပီးတခု ကိုင် ပြီး မှန်ရှေ့မှာ သူ့ဘာသူကြည့်ပီး အိုက်တင်တွေလုပ်နေတာ ..

ThuHninSee said...

:P

Rita said...

အသဲတုံး ရီရတယ်
အရုပ်ကြိုက်တတ်လာပြီ။

အရုပ်နှစ်ခု သယ်လာတုန်းက သိပ်ကြိုက်တတ်ပုံ မရသေးဘူး။