Sunday, November 17, 2013

သမီးလေးရဲ့ ကစားနည်းတွေထဲက တစ်ခု

လက်သုတ်ပုဝါ တစ်ထည်ကို ယူပြီး သူ့ နွားရုပ်ရဲ့ နဖူးပေါ် စိတ်တိုင်း မကျမချင်း တင်တာပါ။ ၄ ခါ ၅ ခါ တခါတလေ ၁၀ ခါလောက် တင်လိုက် စိတ်တိုင်းမကျတဲ့ပုံနဲ့  ပြန်ယူ ပြန်တင် လုပ်နေတာ ငြိမ်နေတာပဲ။ 
သူစိတ်တိုင်းကျသွားရင်နွားရုပ်ကို အနီးကြည့် အဝေးကြည့် လှည့်ပတ်ကြည့် ပြီးမှ ထွက်သွားတတ်တယ်။
သူ့ စိတ်ထဲဘာဇာတ်လမ်းတွေဆင်ပြီး ကစားလဲ သိချင်လိုက်တာ...



ဘလော့မှာ စာမတင်ရတာ ကြာလွန်းမက ကြာနေလို့ သမီးပုံလေးနဲ့ အစပျိုးလိုက်ပါတယ်..။

လှပ သာယာတဲ့ တန်ဆောင်မုန်းလပြည့်နေ့ည ဖြစ်ကြပါစေ....။ 

1 comment:

Thandar Lwin said...

တင်ပါ တင်ပါ
အသစ်တွေကို စောင့်နေပါတယ် ။
ဟို ဒန်ကီး လို လုပ်နေတယ် ဆိုတဲ့ ကွန်မန့်တွေကိုပါ ကော်ပီ ပေ့စ်ပါလား ။