Tuesday, September 24, 2013

အော်ပရာ

အိမ်မှာ အင်တာနက်သုံးရင် Desktop Computer မှာ မောင်ကြီးက Firefox သုံးပြီး ကျွန်မက Google Chrome ကိုသုံးပါတယ်။ IE ကတော့ နှေးလွန်းလို့ မသုံးဖြစ်ကြဘူး။ စခရင် သေးသေး လက်ပတုတ်လေးမှာလဲ အင်တာနက် မသုံးဖြစ်ကြဘူး။ 


အခု အသစ်အဆန်းသုံးချင်တာနဲ့ Opera Browser ကို ဒေါင်းလုဒ် လုပ်ပြီး စ သုံးကြည့်တယ်။ Install လုပ်ပြီးတာနဲ့ အရေးကြီးတာက မြန်မာစာ မြင်ရဖို့ဆိုတော့  ကျွန်မ ဘလော့ကို ဝင်ကြည့်တယ်။ ဘလော့ကို အရင်သုံးနေတဲ့ ဘရောက်ဇာထက် လှတပတ မြင်ရတယ်။ Zawgyi မြင်ရရုံနဲ့ မပြီးသေးတော့ ဦးနီကုဒ်သမားတွေ ဆီ သွားအကဲခတ်ရသေးတယ်။ သူတို့ ဘလော့  ဆက်ရေးတာ မရေးတာ တစ်ပိုင်းပေါ့လေ။ သူတို့ ဘလော့တွေလဲ အားလုံး သေချာမြင်ရတယ်။  စိတ်ထဲ  ဘရောက်ဇာ အသစ်သုံးရင် Font တွေ  setting ပြန်ချိန်းရဦးမယ် ထင်နေတာ ။ အခုတော့ အားလုံး အဆင်ပြေနေပါတယ်။

ဒီဘလော့ပို့စ်ကို အသစ်ကျပ်ချွတ် အော်ပရာနဲ့ ရေးပါတယ် ..... ။

3 comments:

Anonymous said...

24 Sep 13, 05:38 PM
ဆုမြတ်: အော်ပရာဆိုတော့ပြဇာတ်များလားလို့...လူဆိုး :D အော်ပရာကို ၂၀၀၉ လောက်ကဖုန်းမှာသုံးဖူးတာ..ကောင်းပါတယ် စင်စင်..သုံးရအဆင်ပြေတယ်....ခုတော့ ခရုမ်းမှခရုမ်းပဲ..မက်စ်သွင်တွေဘာတွေလည်းမြန်သား

ပန်းခရမ်းပြာ said...

ကျေးဇူး စင်စင်ရေ... ဥနီကုဒ်တွေ ဖတ်မရလို့ အခက်တွေ့နေတာ။

မချို

ရွှေယွန်းဝါ said...

သမီးအကြောင်းကျတော့ မရေးဘူး မမ။ အားရင်လဲ မှုံလေးအကြောင်းရေးပေးပါအုန်း။