Sunday, July 6, 2014

မှုံမှုံမောင်မောင် (၁)


မှုံနဲ့ မောင်မောင့်အကြောင်းလေးတွေ မှတ်ထားချင်တာ ဘာမှ မရေးတတ်တော့ ဖဘမှာ ရေးမိတဲ့ မေမေ့ မှတ်ချက်တွေ ပြန်ကူးထားတယ်။
မောင်မောင်က ၄ လ မှာ စ မှောက်တယ် ။ သေချာ စမတ်ကျကျတော့ မမှောက်နိုင်သေးဘူး ... မှောက်တတ်စ ဆိုတော့ မှောက်လို့ချည်းနေချင်တာ.. သူ့မွေ့ယာ အပျော့ပေါ်ဆို လက်တစ်ဘက် သူ့ဘာသာ မထုတ်နိုင်သေးဘူး။
 (မှုံက ၄ လခွဲမှာတောင်မမှောက်နိုင်သေးဘူး.. လူက တအားဝတော့ မှောက်ဖို့ကြိုးစားတိုင်း ဖင်လေးပြီး ဘေးစောင်းကြီး ယက်ကန်ယက်ကန်ဖြစ်နေတာ မှတ်မိသေးတယ်။)
ပြင်ဆင်ချက်။   ။ ခုပဲ ဖဘ က ပုံဟောင်းတွေ ပြန်ကြည့်တော့ မှုံလဲ ၄ လ ပြည့်မှာပဲ စ မှောက်တယ်.. ယက်ကန် ယက်ကန်ပါပဲ ။

♫ ♪ ♪ ပျော်မယ်ဆို...♪  ♫ ♪ လာအတူ မှောက်ကြမယ်လေ ♪ ♫ . .:D
မောင်မောင် စ မှောက်ကာစ ရက်တွေ ..ခေါင်းသေချာမထူနိုင်သေးဘူး..၊
မှုံက မောင်မောင် လုပ်သလို လိုက်လိုက်လုပ်လို့ ဓာတ်ပုံရိုက်ထားတာ ..။

2012 ဇူလိုင်က မှုံကလေး ၄ လ .. စ မှောက်ပြီ။

မနက်က အငယ်ကောင်က အရင်နိုးနေတာ ..သူ့အစ်မ မနိုးသေးလို့ စိတ်ချလက်ချ အိမ်သာတက်နေတာ .. အထဲကနေ တခစ်ခစ် အသံကြားလို့ စိတ်မချလို့ ထွက်ကြည့်တော့ ပိစိလေးက အားကြိုးမာန်တက် ဌာန်ကရိုဏ်းမကျတကျ မှောက်နေတာကို သူ့အစ်မက နိုးလာပြီး သူ့မောင်လေး တင်ပါးပေါ် အကျ ခေါင်းအုံးပြီး အိပ်နေတာ... ခြေချိတ်ပြီး ခြေတွေဘာတွေတောင် နှံ့နေလိုက်သေး... အောက်ကကောင်က တအီးအီးနဲ့ ယက်ကန်ယက်ကန်ဖြစ်နေတာ..၊ ကပျာကယာပြေးဆွဲရတယ်..။
တခစ်ခစ်က မှုံမှုံ ဝမ်းသာပြီး ရယ်နေတာ ...။ ဘာကို ဝမ်းသာလဲ ဆို သူနဲ့ မောင်လေး ၂ ယောက်ထဲ ..သူကလိသမျှ နှောက်ယှက်မဲံ့ မေမေမရှိဘူး ဆိုတဲ့ အသံ။

မှုံဟာ မောင်မောင့်နားပဲ ကပ်နေချင်တယ်။ အနားရောက်ရင်လဲ ကလိချင်တယ်..။ မောင်မောင်ကလဲ သူ့အစ်မလုပ်သမျှ ယက်ကန်ယက်ကန်နဲ့ အပြုံးမပျက်ဘူး ။ မှုံ့အသံကြားတိုင်း နို့စို့ရင်းတောင် ရပ်ပြီး ပျော်ရွှင်မြူးထူးနဲ့ ခေါင်းကို အတင်းလှန်ချ သူ့အစ်မကို လိုက်ရှာတော့တာ ။ မှုံမှုံ့ အသံကြားရင် မောင်မောင်ဟာ တစ်ရေးနိုးတောင် ထ ရယ်တယ်.. အဟုတ်ပြောတာ ။ တစ်ခါသား ညကြီးသန်းကောင် မောင်မောင် နို့ဆာလို့ ထ တုံး မှုံက ဘေးကနေ အိပ်ရင်း ထ "အင်း..အဲ" ယောင်တယ်.. ။ အဲဒီအသံကြားတာနဲ့ မောင်မောင်တစ်ယောက် ငိုက်နေတဲ့ မျက်ခွံကို အတင်းမ တင်ပြီး ပြုံးလိုက်၊ ရယ်လိုက် ထွန့်လိုက်သေးတယ်.. နောက်မှ မဟန်နိုင်ပဲ ပြန်အိပ်ပျော်သွားတာ..။


မောင်မောင့် နားပဲ နေချင်တယ်။


သမီး Hmoneက သူ့မောင်လေးနားကပ်ချင်ရင်
"မေမေ ကိုဝူတာ ကြည့် .."
"မေမေ ဆေးရုံ သွား ... "
တဲ့
အမေလုပ်သူအနားရှိရင် သူ လွတ်လွတ်လပ်လပ် မကလိရလို့ ...

 
မောင်မောင့်ကို ချီမယ်.... မနိုင့်တနိုင်


သူနဲ့ ကလေး ၂ ယောက်ထဲ ၁ မိနစ်မှ မထားရဲဘူး...မအောင့်နိုင်ရင် အငယ်ကောင်ကို အော်ချင်အော်ပေ့စေဆို သစ်သားကုတင်ပေါ် တင်ခဲ့ရတာပဲ။ ဒါတောင် သူက တန်းပေါ်တက်ပြီး သစ်သားချောင်းကြားကနေ မီရာ ခြေထောက်တွေလက်တွေ လှမ်းဆွဲသေးတာ (လစ်ရင် လစ်သလို)။



မှုံ မောင်လေးကို ချစ်ပါတယ်.. တွေ့တာနဲ့ ပါးလေးကိုင်..နဖူးလေးနမ်း .. ပိစိလေးလက်သီးဆုပ်ကို ဖြေပီး သူ့ လက်ထည့် .. ပိစိခြေဖဝါးကိုကိုင် ဟိုဘက်ဒီဘက်လွှဲ .. ပိစိဗိုက်ပေါ် ခေါင်းတင် .. လူလစ်ရင် အတင်းကျုံးဖက်...ကလိထိုးမယ်ဆိုပြီး ဗိုက်ပေါ်လက်ဒလိန်းထိုး...နှာခေါင်းချင်းထိ....ခေါင်းကိုပွတ်။


မောင်မောင်အခန်းထဲ အိပ်နေတာသိလို့ အမေလစ်ပြီဆိုပြီး
တပျော်တပါး ကလိဖို့အလာ.. အမေနဲ့ တန်းတိုးအရိုက်ခံရ (ဓာတ်ပုံ)


ခုတလော သူ ဖုန်းတို့ အိုင်ပက်တို့ ကြည့်မယ်ပြင်ပြီး ..မကြည့်ခင် လူကြီး တစ်ယောက်ယောက်ကို
" အသံ နည်း.......နည်းလေး တိုးပေးဦးနော်... မောင်မောင် နိုးမှာစိုးလို့" ..... တဲ့


သူက ချစ်လို့ နဖူးလေး နမ်း..ပါးလေးကိုင် ဗိုက်လေးပွတ် လုပ်တာပါ........

လုပ်ရင်း လုပ်ရင်း ကြာလာတော့ အသည်းယားလာပြီး မျက်စိထဲ လက်ညှိုးထိုးကြည့်တာ .. ဗိုက်ပေါ် လက်ဒလိမ်းထိုး ကလိထိုးတာ .. လက်သီးဆုပ် အတင်းဆွဲဖြေတာ၊ မျက်နှာချင်း အကြာကြီး ကပ်ထား... အောက်က မောင် လုပ်တဲ့လူက ယက်ကန် ယက်ကန်တွေဖြစ်အောင် လုပ်လို့ သာပဲ ...။
 
 
 



အသာလုပ်ပါ မမမှုံ

သားသားကိုရေချိုး အဝတ်လဲပေးပြီး သူအိပ်ချင်နေတာကို တန်းမသိပ်ပဲ သူ့ရေချိုးဇလုံသွန်.. ကြမ်းပြင်တွေ သုတ်.. ကြမ်းခင်းအဝတ်တွေ စက်ထဲထည့်လျှော် ... သူ့တဘက်နေလှမ်း .. အဝတ်ညစ်ကိုတောင်းထဲထည့် လုပ်တာ ၇-၈ မိနစ်လောက်ကြာသွားတာ ... ရှိုက်ကြီးတငင်နဲ့ ငိုလိုက်တာကို မိနစ်၂၀ ပြန်ချော့လိုက်ရတယ်။ နို့တိုက်လဲ မသောက်.. သိပ်လဲ မအိပ်ပဲ .. မအေ မျက်နှာမြင်ရင်း ငိုရင်း..မအေ မျက်နှာကြည့်ရင်း ရှိုက်ရင်း... အမေ မျက်နှာလွှဲထားလဲ ကော့ထိုး ငို......
ခုမှ အိပ်သွားတယ်.. အိပ်တာတောင် မျက်မှောင်ကျုံ့ကျုံ့ကြီး...။
နောင် ဒင်းကလေးကိုအရင်သိပ်ပြီးမှ ကျန်တာလုပ်ရမယ်..။


ဗြဲ ဟဲ ဟဲ ...


မှုံ ငယ်ငယ်က (သားအရွယ်က ငိုခဲတယ်..) ။ ငိုချိန်မရအောင် တချိန်လုံး ချီထား ချော့မြှူခံရ .. နို့ဆာချိန်မရအောင် အန်ထွက်အောင် အမေက အားတိုင်း နို့တိုက်နေလို့လဲ ဖြစ်နိုင်တယ်..။

သမီးကလေး ရွှေရင်အေး


မောင်မောင်က နို့ဆာရင် ပါးစပ်ပြင်ပြပြီး အချက်ပေးတယ်.. ၄-၅ မိနစ်ထိ မတိုက်သေးရင် ငိုပြီ။ မငိုခင်မှာ ဝမ်းနည်းပက်လက်ကြီး မဲ့လာတာကြီးက အလွန်ရီစရာ ချစ်စရာကောင်းတယ်။ 

♫ ♫ ♪ ကိုယ်လေ ဝမ်းနည်း ပက်လက် ♫ ♪


 သူနိုးရင် အဲ့ အဲ့ အသံပေး စောင့်တယ်.. မခေါ်သေးလဲ နေတယ်..။ ဒီတိုင်း အကောင်း နေနေရင်း ပုခက်ထဲကနေ အမေသံကြားတာနဲ့ ဝမ်းနည်း ပမ်းနည်း ရှိုက်ငိုပြီ ( အမေရှိသားနဲ့ ကျနော့်ကို လာမချီဘူး အဓိပ္ပါယ်နဲ့ ဝမ်းနည်းတယ်. ထင်တာပဲ )။


မောင်မောင်ဟာ သူ့ကို ဘယ်သူကပဲ ချီထားထား အမေ့မျက်နှာလှမ်းမြင်ရင်ဖြစ်ဖြစ် အမေ့အသံကြားလိုက်ရရင်ဖြစ်ဖြစ် ပြုံးရယ်သွားပြီး ဝမ်းသာလို့ ဒန့်ဒန့်ဒန့်ဒန့် လုပ်တော့တာပဲ ။
( ချီထားသူ ပုခုံးပေါ်ကနေ တစ်ကိုယ်လုံး ဒန့်တာပဲ .. ဘယ်လိုခေါ်ရမလဲ မပြောတတ်ဘူး၊ သူ့အဖေကတော့ ပိုးဟပ်ပက်လက်လှန်ထားသလို ထွန့်ထွန့်ထွန့်ထွန့် ဖြစ်နေတာတဲ့ ) ။







4 comments:

Lorem Ipsum said...

မှုံမှုံတုန်းကလဲချစ်လိုက်ရတာ..ခုတော့မောင်မောင်အလှည့် အရည်ကိုပျော်ရော.... နောက်တစ်ယောက်ထပ်မွေးနော်..ခစ်ခစ် :p

Mee Chit said...

ချစ်စရာကောင်းလိုက်တာ မဲ့နေပုံလေးက
အမကလေးလေးတွေ အကုန်ထွားတာပဲနော်.. ကိုယ်ဝန်ဆောင်ချိန် ဘာတွေစားလဲ ဟင်

Unknown said...

မှုံမှုံရောမောင်မောင်ရော ချစ်စရာလေးတွေ။
မလေးမြတ်

Mrs. Bagel said...

ဒီ မောင်နှမ နှစ်ယောက်နဲ့ ရယ်နေရတယ်။ မမဆင်အတွက် အသက်ပိုရှည်ဆေးလေးတွေပေါ့။ :)