Thursday, September 3, 2015

ကြက်သားပလာတာ

ကြက်သားပလာတာ

လိုအပ်သောပစ္စည်းများ( ၅ ပွဲစာ)
-ကြက်တကောင်ရဲ့ ၃ ပုံ၁ ပုံခန့်
-ကုလားပဲ ခွဲခြမ်း နို့ဆီဘူး ၁ လုံး
-ပဲမှုန့်အစိမ်း စတီးဇွန်း ၃ ဇွန်း (ဟင်းရည်ပျစ်ချင်လို့ ထည့်တာ..မပါလဲ ရပါတယ်)
-ကြက်သွန်နီ ၁ လုံး ၊ ကြက်သွန်ဖြူ ၅ မွှာ
-အာလူး ၂ လုံး(ကြိုက်ရင်များများထည့်.. ဒီက အာလူးတွေက လက်သီးဆုပ်လောက်ရှိလို့ ၂ လုံးပဲ ထည့်ရတာ)
-မဆလာ
-ကရဝေးရွက်၁ ရွက်၊ သစ်ကြပိုးခေါက် ၁ ခေါက်
--ကုလားပဲကို အနည်းဆုံး ၁၀ နာရီခန့်ရေစိမ်ထားပြီး.. ပြုတ်ထား (ကုလားပဲ ပြုတ်ရင် ဝေကျတတ်လို့ မီးအေးအေးနဲ့ ပြုတ်ပါ... အိုးထဲသစ်သားယောာင်းမစိုက်ထားပါ ။ ) ပဲပြုတ်ကျက်ရင် ငရုပ်ဆုံနဲ့ ထည့်ထောင်းထားပါ။
ပဲမှုန့်အစိမ်းကို ရေအေးဖြင့် ဖျော်ထားပါ။
ကြက်သွန်ဖြူနီညက်အောင်ထောင်းထား
ကြက်သား(အရိုးအသား) ကို အတုံးသေးသေးတုံးပြီး ဆား ဆနွင်းဖြင့်နယ်ထား
အာလူးအခွံခွာ အတုံးလေးတုံးထား မဲမသွားအောင် ဆားရေဖြင့်ဆေးထား
အိုးထဲ ဆီနည်းနည်းထည့် .. ဆီပူလာရင် ကြက်သွန်ဖြူနီထောင်းတာထည့်.. ငရုပ်သီးအရောင်တင်မှုန့် နည်းနည်းလေးထည့်.. သစ်ကြမ်းပိုးခေါက် ကရဝေးရွက် ရေဆေးထားတာ ထည့်ဆီသပ် .. မဆလာနည်းနည်းထည့်.. ကြက်သားထည့်၊ အာလူးထည့် ဆီသပ် ကြက်သားထဲကရေတွေ ကုန်ရင်.. ထောင်းထားတဲ့ ကုလားပြုတ်တွေထည့် ဆီသပ် မီးပိတ်ထား
ရေနွေးအိုးတည်.. ဆူရင် ပဲမှုန့်အစိမ်းဖျော်ပြီးသားထည့် မီးကို အနည်းဆုံးထားပါ (အမြဲဝေကျတတ်လို့ ဒီအချိန်မှာ အိုးကိုပစ်ပြီး ဘယ်မှထွက်မသွားပါနဲ့.. အိုးနားကပ်နေပြီးလဲ ဖုန်းကြည့်မနေပါနဲ့ ... tongue emoticon မယုံမရှိနဲ့ ကိုယ်တွေ့ )ယောင်းမနဲ့ မွှေပေးနေ.. ၊ ပဲမှုန့်အစိမ်းနံ့ပျောက်ရင် ဆီသပ်ထားတဲ့ ကြက်သားကုလားပဲအာလူးကို အိုးထဲလောင်းထည့် ၊ အရသာလိုရင် ဆားထည့်၊ ပျစ်နေရင်ရေနွေးထပ်ထည့်..အပေါ့အသန်မြိည်းသုံးဆောင်နိုင်ပါပြီ (ကုလားပဲနဲ့ ကြက်သားအချိုကြောင့် ဆားတခုပဲထည့်ဖို့လိုတယ်၊ အချိုမှုန့် ကြက်သားမှုန့်မလိုဘူး။
ကြက်သွန်နီပါးပါးလှီး၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ ပူဒီနာရွက် ( mint leaf) ဆို့ဖြင့် သုံးဆောင်ပါ၊ သံပုရာရည်ညှစ်ပါ

ဟင်းရည်ချက်နည်းတင်ရေးပြီး ပလာတာကိုမေ့နေတယ်။ ပလာတာက စားကာနီးမှ  ဖရီဇာထဲက ထုတ်ကြော်လိုက်တာ.. ကုလားဆိုင်က ဆင်းဝယ်ရင်တော့ ပိုကောင်းတာပေါ့။


×ချက်နည်းမေးသော အေးလဲ့ကိုကျေးဇူးအထူးပါ။ ခုမှ ရေးဖြစ်လို့


No comments: