Saturday, April 21, 2012

မှုံမျောက်ရှုံး

သမီးကလေး ၁၃ လ.....
၁ နှစ်ပြည့်ပြီး ၃ ပတ်လောက်မှာ ချောင်းတွေဆိုးလို့ ဆေးခန်းရောက်.. ခု ပြန်ကောင်းသွားတော့ တအားဆော့လိုက်တာ...(အရင်ကလည်း တအား ဆော့တာပါပဲ..:P)

အရင် ၂ ရက်လောက်က ဆိုဖာကို ဖက်ဖက်တက်နေတာ သတိထားမိတယ်..။ ဒီနေ့" သမီးရေ.. အမေ ဟင်းအိုး သွားကြည့်အုံးမယ်" လို့ပြောပြီး.. မီးဖိုကို ခဏ ထွက်သွား၊ ဧည့်ခန်းထဲ ပြန်ထွက်လာတော့ ဆိုဖာပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ သမီးက ကျွန်မကို လှမ်းခေါ်တယ်.. (သူခေါ်တာက " ဒါး..ဒါး..ဒါး.." ပါ။ ကျွန်မ နားထဲမှာတော့ " မေမေရေ.. မီးမီး ဒီမှာ" လို့ကြားပါတယ်။ )

အလန့်တကြားသူ့နားပြေးသွားရတယ်။ တော်သေးတယ်.. ပြတင်းပေါက် သံပန်းတွေက ခါတိုင်း အမြဲ ဖွင့်ထားနေကျ။ သမီး ဟိုဖက်တက်၊ ဒီဖက်တက် လုပ်ကတည်းက သံပန်းတွေ သေချာ ပိတ်ပြီး သော့ခပ်ထားတယ်၊ အောက်မှာခင်းတဲ့ ရာဘာပြားတွေကို မနေ့ကပဲ ထပ်သွားဝယ်ပြီး ခင်းထားတယ် ၊ ဆိုဖာပေါ်က မတော်တဆ ပြုတ်ကျရင် ကြောင်ကျ ကျအောင်လို့...။

သမီးက ထပ်ပြီး ဖက်တက်ချင်နေတာနဲ့ ပြုတ်ကျရင် ဆီးဖမ်းထားရအောင် အနားမှာ အဆင်သင့် နေပြီး ပေးတက်လိုက်ပါတယ်။

ဆိုဖာပေါ် မရအရ ကုတ်ကပ်တက်၊ ရောက်တာနဲ့ နောက်ကအမေလိုက်ဖမ်းမှာစိုးလို့ ရှေ့ကို အတင်း လေးဘက်ထောက်ပြေးသွား၊ ဆိုဖာအိအိပေါ်မှာ ယိုင်တိုင် ယိုင်တိုင် လမ်းလျှောက်....အင်း.... သမီးကိုယ်ဝန်နဲ့မှာ ကျွန်မ မျောက်ပါတဲ့ကားကို မကြည့်ပဲ သတိထားပြီး ရှောင်လျက်သားနဲ့............။

သမီးအဖေ ငယ်ငယ်က သူ့အရပ်လောက်ရှိတဲ့ ကုတင်ကြီးပေါ် မေးနဲ့ ချိတ်ချိတ်တက်တယ်လို့  ယောက္ခမနဲ့ အဒေါ်အင်လောစ် များက ပြန်ပြောင်းပြောလေ့ရှိတယ်။ အဖေနဲ့ ရုပ်တူတဲ့ သမီးလေးကလည်း သူ့မေးနဲ့ ချိတ်တက်တာတွေ့ရတယ်။ မျိုးရိုးဂုဏ်ကို မစွန့်သော သမီးလေးအတွက် အဖေနဲ့ အမေက ဂုဏ်ယူပါတယ်ကွယ်..... ((ဟမ်))....။ 

သမီးလေး ၁၃ လ တိုးတက်မှုတွေရေးဖို့ အမေအကြွေးကျန်နေသေးတယ်။ နောက်မှ ရေးမှတ်တော့မယ် သမီးလေးရေ..................။

4 comments:

Rita said...

ဟားရတယ် =D
မျောက်မှုံမှုံ :*

Anonymous said...

ဆော့တာက အမေတူတာနေမယ်
း)
ာာ

JuneOne said...

ဆော့တော့ သန်မာတာပေါ့။
အိမ်မှာ သားက အေးသလောက် သမီးက ကဲတယ်။

mae said...

မြန်လိုက်တာ.. လန့်တောင် လန့်သွားတယ်
အမေတူလေးနေမှာ