Friday, May 18, 2012

ကာကွယ်ဆေး (၂)

သမီး တစ်နှစ် တစ်ရက်ပြည့်တဲ့နေ့က ကာကွယ်ဆေးထိုးထားတာ မှတ်ထားဖို့ သတိရသားနဲ့ ....ပျင်းနေတာ..။ တစ်နှစ် ၃ လ မှာ နောက်တစ်ကြိမ်ထိုးရဦးမယ်လို့ သတိရမှ ရေးဖြစ်တော့မယ်..။ 


သွားတုံးကတော့ MMR ( Measles, Mumps, Rubella vaccine) = ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ယောင် ကာကွယ်ဆေးထိုးဖို့ သွားရင်း သူနာပြုဆရာမက ကာကွယ်ဆေးအမည်တွေရေးထားတဲ့  ကတ်ပြားလေး တစ်ခု ပြပြီး ကလေး  ၁နှစ်ပြည့်ပြီ ဆိုရင်  Prevenar ဆိုတဲ့ ကာကွယ်ဆေး ထိုးချင်ရင်ထိုးလို့ ရတယ်တဲ့။ မထိုးမနေရ မဟုတ်တဲ့အတွက် မထိုးချင်လည်း ရတယ်လို့ ဆိုပါတယ်။ အသက် ၂ နှစ်ပြည့်မှ ထိုးရင် ၁ လုံးပဲ ထိုးရမယ်။ ၂ နှစ်မပြည့်ခင် ထိုးရင်တော့ ၂ ခါ ထိုးရမယ်လို့ ပြောပါတယ်။


 သူပြတဲ့ ကတ်ပြားမှာ ဖတ်ကြည့်တော့ ရှေ့ဆုံးက Pneumococcal vaccine ဆိုတဲ့ စာလုံးတွေ့တော့ ဒါ နမိုးနီးယား ကာကွယ်ဆေးလား လို့ မေးကြည့်လိုက်တော့ ဟုတ်တယ်တဲ့။ ကြိုသိမထားတော့ အဲဒီ ကာကွယ်ဆေး အကြောင်း ဦးဂူဂဲကိုလည်း မမေးလိုက်ရဘူး..။ ဒေါက်တာရဲစာအုပ် ဖတ်တုံးကတော့ မြင်ဖူး တယ်..။ ဘာပဲပြောပြော ကာကွယ်ဆေး ဆိုတော့ ထိုးသင့်ပါတယ်လေ ဆိုပြီး ထိုးမယ် ပြောလိုက်တယ်။ MMR နဲ့ဆိုတော့ ၂ ချက်ထိုးရမှာပေါ့၊ လက်မောင်းမှာ တစ်ချက်၊ ပေါင်မှာ တစ်ချက်၊


သူနာပြုက ဆေးထိုးဖို့ ပြင်ဆင်နေတုံး သမီးက သူ့လက်ထဲက ဆေးပုလင်းတွေ၊ စက္ကူဗူးခွံတွေကို လှမ်းတောင်းနေသေးတယ်။ ဟိုက မပေးတော့ သူက "ဟင်း..ဟဲ" နဲ့ ကြိမ်းမောင်းလိုက်သေးတယ်။ သူတို့က ဆေးမထိုးခင် မောင်ကြီးကို ကလေးပွေ့ထားခိုင်းတယ်..။ ခုံမှာ ဘယ်လိုထိုင်၊ ကလေးကို ဘယ်လက်နဲ့ လက်မောင်းချုပ်၊ ညာလက်နဲ့ ပေါင်ကို ဖိထား စသဖြင့် ပြင်ဆင်ပေးနေရသေးတယ် ။ ဆေးထိုးတော့လည်း ခဏပါပဲ။ သမီးကတော့ အော်ငိုတယ် ။ ဆေးထိုးပြီးတာနဲ့ မောင်ကြီးကို အဲဒီအခန်းမှာ ဆရာမ မှာတာတွေ နားထောင်ဖို့ ထားခဲ့ ပြီး ကျွန်မက Nursing Room မှာ သမီးကို နို့တိုက်လိုက်တယ်။ သမီးငိုတာ ၃ မိနစ်လောက်ပါပဲ.. Nursing Room ထဲရောက်တော့ ဆော့လိုက်၊ စကားတွေ ပြောလိုက်၊ ရယ်ရယ်မောမော လုပ်နေပြီ...။ ဆေးထိုးပြီး ၁၅ မိနစ်လောက် ခဏ ထိုင်စောင့်ကြည့်ပါ။ တခုခုဆို ပြန်လာပါ ဆိုလို့ ခဏ ထိုင်စောင့်ပြီး ပြန်လာကြတယ်။ ကလေး ဖျားရင်တိုက်ဖို့ ပါရာစီတမောအရည် တစ်ပုလင်း ဝယ်ခဲ့ပေမယ့် သမီး မဖျားဘူး..။ 
၁။ ဆေးထိုးပြီး ၁၅ မိနစ်ထိုင်စောင့်နေတာ
၂။ အပြန် နေ့လည်စာဝင်စားတဲ့ဆိုင်မှာ
၃။ Clementi Mall မှာ သမီး ချားစီးချင်တယ်ဆိုလို့ :P
၎။ ဆေးရုံက အထွက် ကလေးတွေအတွက် Activity တစ်ခုလုပ်နေတာမှာ သမီးကကြည့်ချင်လို့..


ကုန်ကျစရိတ်က 
MMR ထိုးတာ - 25 S$
Prevenar ထိုးတာ- 154.21 S$
ပါရာစီတမောလ် အရည် ၁ ပုလင်း- 2.62 S$
Child DA - 7.62 S$ (အဲဒါက အခုစာရေးမှ အင်ဗွိုက်စာရွက်ပြန်ကြည့်တော့ ဘာမှန်းမသိဘူး.. ကလေးဆေးထိုးပေးတဲ့ ဥာဏ်ပူဇော်ခ ထင်တာပဲ ..:P)
ပေါင်းလိုက်ရင် 189.45   S$ + GST 7% 13.25 S$ = 202.70 S$  ( bm&m;...bk&m;;;;; :D )

7 comments:

Ko Boyz said...

ကလေးလဲ ကလေးအလျောက် ကုန်တယ်နော်...။
မနည်းဘူး ကုန်မှာ...။

NSA said...

ကိုဘတို့ကတော့ သထိန်းပဲ .. ကုန်ချင်သလောက်ကုန်ပစီ... ဘောလုံး တစ်သင်းစာလောက်သာ ယူပလိုက်...... :P

juneone said...

Pneumococcal က medisave သုံးလို့ ရတယ်လေ။၁နှစ်အောက်ဆို ၃လုံး။၂နှစ်အောက်(၁နှစ်အထက်)ဆို ၂လုံး၊၃နှစ်အောက်ဆို(၂နှစ်အထက် )၁လုံး။မေ ကတော့ ၁နှစ် အထက်မှာထိုးလို့ ၂လုံး။အဖေ medisave ထဲက ၁ခါ၊အမေ medisave ထဲက တစ်ခါ၊ ၂ခါသုံးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကလေးအတွက် က medisave က ၁နှစ်ကို max ၃၀၀ ပဲသုံးလို့ ရလို့။

juneone said...

ပေါ်လီမှာထိုးတာ ဟုတ်ဘူးလား။ပေါ်လီမှာဆို ကာကွယ်းဆေးထိုးတိုင်း ပါလာစီတမော အလကားပေးတယ်။မ၀ယ်ရဘူး။

Anonymous said...

နောက်တစ်ခေါက်ကျမှ မက်ဒီဆေ့ဖ်က သုံးမယ်။ ၁ နှစ် ၃၀၀ ပဲ သုံးလို့ ရတာမသိဘူး။ SGH sing health မှာထိုးတာ... Outum poly လို့တော့ရေးထားတယ်။Paracetamol is not free :(
စင်စင်

kyawtmin79 said...

အမလေး Uni နဲ့ရေးလို့ MrDBA ဆီပြေးလိုက်ရသေးတယ်။CCK poly မှာ သားလေးထိုးကတည်းက နပ်စ်မ က ထိုးတဲ့ အပတ်တိုင်းပေးတယ်။ဖရီး။၁နှစ်ကို ၃၀၀ပဲသုံးလို့ရတာ သူတို့ပြောတယ်။သားရော၊သမီးရော medisave ကပဲသုံးတယ်။

Jone

Anonymous said...

ကွကိုယ် ယူနီကုဒ်နဲ့ရေးမိမှန်းမသိဘူး... ကွန်ပြူတာပျက်နေတုံးက မိုးကုတ်ဘရောက်ဇာနဲ့ရေးထားတာ.. ခုမှ ပြန်ဖတ်မိတယ်..အဟီးးး

စင်စင်