My Early Pregnancy Failure Experience
ကျွန်မရဲ့ ဒုတိယ ကိုယ်ဝန် ၁လခြွဲပည့်၊ OG ဆီ ဒုတိယအကြိမ်သွားပြတဲ့အခေါက်
Ultrasound Scan ရိုက်တဲ့အခါ သူကလေး နှလုံးမခုန်တော့ဘူး၊ OG က သေချာအောင် ၂
ခါပြန် စစ်တယ်။ ကိုယ်ဝန် နှလုံးမခုန်တော့လို့ ၊ သန္ဓေသားကို ဆေးကြောပစ်ဖို့ လိုလို့၊ အစိုးရဆေးရုံတစ်ခုခုကို Polyclinic က တဆင့်သွားဖို့ OG က စာရေးပေးပါတယ်။
ကျွန်မက ကလေးကို NUH မှာ မွေးဖွားဖို့ စဉ်းစားထားပြီး ၊ Polyclinic မှာ Referrel Letter ယူထားပြီးမို့ Polyclinic ကို ထပ်မသွားဖြစ်တော့ပဲ ဆေးရုံရက်ချိန်းကလည်း ကိစ္စသိပြီး နောက်နေ့မို့ ဆေးရုံကို တန်းသွားလိုက် ပါတယ်။
ဆေးရုံမှာ OG တစ်ယောက်နဲ့ ထပ်ပြရပါတယ်။
Ultrasound Scan ထပ်ရိုက်ပါတယ်..။ သေချာသွားတဲ့အခါ ကျွန်မတို့ကို ရှင်းပြပါတယ်။ ကျွန်မ သားအိမ်ကို သန့်ရှင်း ဆေးကြောပစ်ဖို့ နည်း ၂ နည်း ရှိပါတယ်တဲ့..။
(၁) သန္ဓေသား သဘာဝအလျှောက် အလိုလိုကျလာအောင်စောင့်နေတဲ့နည်း
(၂) operation ခန်းမှာ vacuum instrument တစ်မျိုးနဲ့ သန္ဓေသားကို စုပ်ထုတ်တဲ့နည်း ( D&C နည်း)
D&C နည်းကို ဒီမှာ ပြည့်ပြည့်စုံစုံ ဖတ်ကြည့်နိုင်ပါတယ်။

သူက နည်း ၂ ခုလုံးကို ရှင်းပြပါတယ်..။
- ပထမနည်းဆိုရင် သန္ဓေသားလေးက ဘယ်အချိန် ကျလာမယ်မသိနိုင် ၊ ဈေးဝယ်နေရင်း၊ အလုပ်သွားနေရင်း၊ လူကြားသူကြားထဲလည်း ဆင်းနိုင်တယ်။ သဘာဝအတိုင်း ကျတယ်ဆိုပေမယ့် operation ခန်း ဝင်ချင်လည်း ဝင်ရနိုင်တယ် ။
- ဒုတိယနည်း operation လုပ်ဖို့ လူနာကို မေ့ဆေးပေးရမယ်။ အတိမ်းအစောင်း မရှိဘူးလို့ မဆိုနိုင်ပေမယ့် 99.9 % အောင်မြင်မှာပါ လို့ သူက ပြောပါတယ်။
ကျွန်မတို့ နံပါတ် ၂ နည်းလမ်းကို ရွေးလိုက်တော့ သူက နောက် ၅ ရက်ပြည့်တဲ့နေ့ (ကိုယ်ဝန် မအောင်မြင်ကြောင်းသိရတဲ့ တစ်ပတ်မြောက်နေ့) မှာ operation လုပ်ဖို့ရာ ရက်ချိန်းပေးလိုက်ပါတယ်။
[ကျွန်မကို ၅ ရက်ခွာချိန်းတာကို ရွာကလူကြီးတွေက စိတ်ပူကြပါတယ်။ ကိုယ်ဝန်အသက်မရှိတော့ရင် အမြန်ဆုံး သန့်ရှင်းပစ်ရတယ်။ နို့မဟုတ်ရင် အရပ်ခေါ် အပုပ်ဆန်တတ်တယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနဲ့ တစ်ရက်တည်း သတင်းဆိုးသိခဲ့ရတဲ့ အစ်မတစ်ယောက်ကိုတော့ ၂ ရက်ပဲ ခွာချိန်းပါတယ်။ အသက်အရွယ်နဲ့ ကိုယ်ဝန် အနုအရင့်ကွာလို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအစ်မက အသက် ၄၀ ကျော်ပီး ကိုယ်ဝန်ကလည်း ၂ လခွဲပါ။]
ဆရာဝန်ပြပြီး တခြားအခန်းက သူနာပြုဆရာမလေး တစ်ယောက်ဆီ ဝင်တွေ့ရပါတယ် ။ operation နေ့အတွက် ဆောင်ရန်ရှောင်ရန်များကို ရှင်းပြတာပါ။ ကျွန်မ operation လုပ်ရမှာက outpatient အနေနဲ့ပါ။ ဆေးရုံမှာ ညအိပ်စရာမလိုပါဘူး..။ Day Surgery လို့ ခေါ်ပါတယ်။ polyclinic က တဆင့်သွားတဲ့ အတွက် Government Subsidy ရပါမယ်။ ဆေးရုံမှာနေစဉ် ၆ ယောက်ခန်း (သို့) ၈ ယောက်ခန်းမှာနေရပါမယ်။ ဘာတွေ လုပ်လာရမယ်၊ ဘာမလုပ်ရဘူး ဆိုတာတွေကို ပါးစပ်ကလည်း ရှင်းပြ၊ ရေးထားတဲ့ စာရွက်တွေပါ ပေးလိုက်ပါတယ်။
ဆေးရုံမသွားမီည ၁၂ နာရီကစလို့ အစာမစား၊ ရေမသောက်ရတော့ပါဘူး၊ ကျွန်မ အဲဒီညက ၁၀ နာရီခွဲမှာ စောစောအိပ်လိုက်ပါတယ်။ ခွဲစိပ်ခန်းဝင်ချိန်မတိုင်မီ ၄ နာရီကြိုလို့ မနက် ၇ နာရီမှာ Cytotec ဆိုတဲ့ ဆေး ၂ လုံးကို ရေနည်းနည်းနဲ့ သောက်ရပါတယ် (ဆေးက ဆေးရုံက ကြိုတင် ပေးလိုက်တာပါ။) ။ ဆေးသောက်အပြီး သမီးလေး မနိုးခင် ကျွန်မတို့ ထွက်လာကြတယ်။ သမီးကို သူ့ဘဂျီးရယ်၊ ကျွန်မတို့သူငယ်ချင်း သားအမိရယ်က လာပြီး စောင့်ရှောက်ပေးပါတယ် (ကျွန်မ လူတွေအပေါ် သိပ်မကူညီဖူးပေမယ့် ကျွန်မ လိုအပ်တဲ့အချိန် လာပြီး ကူညီပေးကြတာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် လို့ မဆုံးပါဘူး)။ ကျွန်မ operation ချိန်က မနက် ၁၀ နာရီပါ။ မနက် ၈ နာရီ ၁၅ အရောက် ဆေးရုံအရောက် သွားရပါတယ်။ ဆေးရုံမှာ Register လုပ်ပြီး ခဏ ထိုင်စောင့်ပြီး ဆေးရုံကုတင်ဆီသွားရပါတယ်။ ကျွန်မကိုလိုက်စောင့်ပေးတာ မောင်ကြီးနဲ့ ဒီမှာ ကျောင်းတက်နေတဲ့ ကျွန်မတို့ မြို့သူညီမလေးပါ။
ကျွန်မနေရတဲ့အခန်းက ၆ ယောက်ခန်းပါ။ လူနာစောင့်တွေပါ လူနာခန်းထဲ လိုက်နေလို့ ရပါတယ်။ ၆ ယောက်ခန်း၊ ၈ ယောက်ခန်းတွေက ဈေးသက်သာတဲ့ အခန်းတွေ ဖြစ်ပေမယ့် သန့်ရှင်းရေးကို တော်တော်ဂရုစိုက်ပါတယ်။ အခန်းထဲမှာ လူနာတွေအတွက် အိမ်သာ ၁ လုံး ပါပါတယ်။ ကျွန်မကုတင်က အိမ်သာနဲ့ မျက်စောင်းထိုးဆိုတော့ အိမ်သာကို ၁၅ မိနစ် တစ်ကြိမ်လောက် သန့်ရှင်းရေး လာလုပ်နေတာ သတိထားမိပါတယ်။
ကုတင်တွေမှာ အခန်းလို ကာဖို့ အဝတ်ထူထူနဲ့ ခန်းဆီးကို ကုတင်ပတ်လည် တပ်ထားပါတယ်။ ကျွန်မ အခန်းထဲရောက်တာနဲ့ ဆေးရုံလူနာဝတ်စုံနဲ့ စောင် ၁ ထည် လာပေးပါတယ်။ အသစ်မဟုတ်ပေမယ့် သန့်ရှင်းစင်ကြယ်အောင် လျော်ဖွပ်ထားပါတယ်။ ကျွန်မ အဝတ်လဲလှယ်ပြီး ကိုယ့်အလှည့်ရောက်အောင် စကားတွေ ပြောပြီး စောင့်နေရပါတယ်။ ရွာကအကြောင်းတွေ သိပြီးသား မသိရသေးတာတွေ ဖလှယ်တာနဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားပါတယ်။
ကျွန်မကုတင်မှာ စောင့်နေစဉ်အတွင်း အဖြူနဲ့ ခရမ်းရောင်ဝတ် ဝန်ထမ်း ( သူနာပြုထက် ရာထူးနိမ့်မယ်ထင်တယ်။ ဘာလဲတော့မသိပါ) တစ်ယောက်က သွေး ခဏခဏချိန်ပေး၊ တစ်ခုခုလိုချင်ရင် ဝန်ထမ်းကို လှမ်းခေါ်ဖို့ ဘဲလ်ကိုပြ စတာတွေ လုပ်ပေးပါတယ်။ ကျွန်မအမည်၊ IC နံပါတ်၊ ဘာကြောင့် အော်ပရေးရှင်း လုပ်ရမှာလဲ ၊ ကျွန်မ ထိုးထားတဲ့ လက်မှတ်မှန်မမှန် မကြာခဏ (၃- ၄ ကြိမ်ထက်မနည်း ) မေးပါတယ်။ အခြား တစ်ယောက်ကတည်း ဝင်လာပြီး အဲဒီမေးခွန်းတွေကိုပဲ ထပ် မေးပါတယ်။
ကျွန်မက အစွန်ဆုံးကုတင်၊ ကုတင်နဲ့ ကပ်ရက်က သူနာပြုတွေ ထိုင်တဲ့ စားပွဲပါ။ သူတို့ပြောတာတွေ နားထောင်လိုက်၊ ကိုယ့်အခန်းထဲက တခြားလူနာတွေကို Wheel Chair လေးနဲ့ လာတင်ခေါ်သွားတာကို ငေးမောလိုက်၊ သမီး ဘယ်လိုနေလဲ လှမ်း SMS ပို့မေးလိုက်လုပ်နေတုံး.. ဘေးက သူနာပြုစားပွဲက စကားသံထဲမှာ ကျွန်မအမည်ပီပီသသ ပြောသံ ကြားလိုက်ရပါတယ်။ ကျွန်မနာမည် က ရှေ့ဆုံးစာလုံး Aye ကို မြန်မာလိုပီပီ ထွက်နိုင်တာ (စင်ကူပူမှာ ကြုံဖူးသလောက်) မြန်မာလူမျိုးပဲ ရှိပါတယ်..။ အတော်များများက "အရီး" လို့ပဲ အသံထွက်ကြပါတယ် :-(
အမြန်ဆုံး ဆက်ပါမည်။

8 comments:
Hi Sister ,
Thankyou so much for your post .
I m waiting the part 2 .
Regards.
KKN
Very sad to read that Ma Ma sin :( take care always
မြန်မြန်ဆက်ပါ။မြန်မာနပ်စ်ပဲနေမှာ..မေလင်းလင်း ဗိုက်ကြီးတုန်းက ညဏ်၇ည်မှီမမှီ စစ်တုန်းက နှာခေါင်းပုံစံမလာလို့ဆိုပီး ဘိုက်ထဲက အရည်ကို ဖောက်စစ် တုန်းက မြန်မာ နပ်စ်မက ကျော့နံသာမင်းလို့ ပီပီသသ ခေါ်လိုက်တာ ကိုယ့်မှာ ဆံပင်တွေဘာတွေ ထောင်ပြီးအံ့သြသွားတယ်။။။ဒွေနေကြအတိုင်း miss ma လို့ခေါ်မယ်ထင်နေတာ...
ဘိုက်ထဲက အရည်ကိုလေ အပ်ကြီးအရှည်ကြီး နဲ့ ဘိုက်ထဲက ကလေးကိုလဲ မထိအောင် ကလေးကို အယ်ထရာဆောင်းနဲ့ ၇ိုက်ထားပီး ကလေးလွတ်တဲ့နေရာက အရည်ကိုစုပ်ထုတ်တာ မေ့ဆေးမပေးပဲ...အောင်မလေး ပြောရင်းနဲ့ ကြက်သီးထလာပီ။အဲဒါစစ်တာ ၆၀၀ကျော်ကျတယ်။ဒေါင်း စစ်တာက သပ်သပ်ပေးရတယ်။
edwin ဘိုက် မကြီးခင် ပထမ တစ်ယောက်ဖြစ်တု့းကလဲ D&C ပဲလုပ်တာမမ မေ့ဆေးနဲ့။အောချက်က women clinic မှာ...
ဘယ်လိုဖြစ်တာလဲ မမ။ ဘယ်တုန်းကလဲ။
ဟမ်.. မမဆင်.. ဘယ်တုန်းက နေမကောင်းဖြစ်တာလဲ..
Sin Sin yae..
Take care :(
သနားပါတယ် စင်စင်
အားလုံး အဆင်ပြေပါစေ.. စိတ်လဲ မညစ်ပါနဲ့
Post a Comment