ထမင်းစားလက်မှတ်တစ်ခုရခဲ့တယ်။ :D |
သြဇာသီးတုံးချိန်မို့လို့ အားရအောင်မစားခဲ့ရပါဘူး။ |
မုန့်စလင်းတောင့် လား ဘိန်းမုန့်လား သေချာစဉ်းစားရသေးတယ်။ ဆီးသီးသည်မဗျိုင်း ဖြစ်သွားပြီ ထင်ပါရဲ့။ |
ထမင်းချဉ်သုပ် ၊ မန်ကျည်းသီးမှည့်အနှစ် ၊ ဆီချက်၊ ပုစွန်ခြောက်မှုန့်တွေနဲ့ သုပ်တယ်။ |
ခေါက်ဆွဲသုပ် ၊ ဘာမှ မထူးခြားပေမဲ့ ဓာတ်ပုံရိုက်ပြီးသားပါလာလို့ တင်လိုက်တာ ။ |
နတ်တလင်း ထမင်းသုပ် ။ ဒီမှာ ခဏခဏ စားချင်တဲ့ အသုပ် ၊ |
နတ်တလင်းမှာ ကုလားအိမ်တွေ ဖျက်ဆီးကြတဲ့အခါ အန်တီမဘီဟာရဲ့ ဘူတာဆိုင်ခန်းလေးလဲ ပါသွားတယ်ဆိုလို့ စိတ်မကောင်းဖြစ်ရသေးတယ်။ ဒါပေမဲ့ အရင်ဆိုင်ဟောင်းနဲ့ မနီးမဝေး ရန်ကုန်ပြည် ကားလမ်းပေါ်က ခြံနဲ့တိုက်ကို သိန်း တစ်ထောင်နီးပါးနဲ့ ဝယ်ပြီး ဆိုင်အသစ်ဖွင့်ထားတာမို့လဲ ဝမ်းသာရတယ်။ အဲဒီဆိုင်အသစ်ကို သွားစားခဲ့တာ ။ ဆိုင်ကောင်တာမှာ ရောင်းနေဆဲ မဘီဟာကိုလဲ မြင်ခဲ့တယ် ။ ထမင်းသုပ်စီးပွားရေးကို ငါ ဘာလို့ မလုပ်ခဲ့မိသလဲ တောင် နောင်တ ရသလိုလို :D ။
အဲဒီကောင်ဆိုင်က ပေါ့နှပ် လက်ဖက်ရည် ။ တော်တော်ကောင်းတယ်။ သူက ခွက်သေးသေးလေးကို တစ်ခွက် ၂၅၀ ၊ တိုင်ကီမှာရင် ဒီမတ်ခွက်နဲ့ ၃၀၀ ၊ ကျွန်မရော မောင်ကြီးရော သွားတိုင်း တိုင်ကီ တစ်ယောက်တစ်ခွက် မှာသောက်ကြတယ်။ |
တိုဟူးသုပ် ပါဆယ် |
မနက် အိပ်ရာနိုးတိုင်း၊ ဒါမှ မဟုတ် ညကတည်းက မမလေးက မနက်ထမင်းကြမ်း ဘာစားမလဲလို့ ကျွန်မနဲ့မောင်ကြီးကိုမေးတယ်။ မောင်ကြီးက ဘာဖြစ်ဖြစ်ရပါတယ် လို့ ပြန်ဖြေပြီး ကျွန်မကတော့ တိုဟူးသုပ် နဲ့ ထမင်း လို့ အမြဲတမ်းပြန်ဖြေတယ်။ မမလေးသွားဝယ်နေကျ အိမ်နဲ့အနီးဆုံးဆိုင်က အသုပ်ထုပ်ပါ ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ကျွန်မတို့ ငယ်ငယ် မူလတန်းကျောင်းသူဘဝက နတ်ပွဲတွေ လိုက်ကတဲ့ ဦးသိန်းရွှေဆိုတဲ့ ဦးလေးကြီးတစ်ယောက်က သူ့ခြံကျယ်ကြီးရှေ့မှာ တဲအကြီးကြီးထိုးပြီး အသုပ်စုံရောင်းတယ်။ အိမ်က နတ်သိန်းရွှေဆိုင်မှာ အသုပ်သွားဝယ်ချေ လို့ခိုင်းရင် စက်ဘီးလေးနဲ့ သွားဝယ်ရတယ်။ ဝယ်သူတွေ အများကြီးမို့ တော်တော်စောင့်ရတယ် ။ ၁၉၈၀ ကျော်ကျော်ကာလတွေက တိုဟူးသုပ် ပါဆယ် တစ်ထုပ်ကို ငါးမူးလား၊ ၁ ကျပ်လား မမှတ်မိတော့ဘူး။ နတ်သိန်းရွှေရဲ့ သမီးတွေရောင်းတာ ။ သူတို့က အင်ဖက်ထဲ တိုဟူးထည့်၊ မျက်စေ့နားကပ်ကြည့် နည်းနည်း ပြန်နှုတ် ၊ ခေါက်ဆွဲထည့် ၊ ကပ်ကြည့် နည်းနည်း ပြန်နှုတ် အဲလိုမျိုးထည့်ပေးတတ်တာကို ကျွန်မနဲ့မောင်ကြီး တခါတလေ ရွာအကြောင်း ပြန်ပြောရင်း ပြောမိ ရယ်ကြရတယ်။ စကားဆက်စပ်ရရင် ဒီပုံထဲက အသုပ်ထုပ်ရောင်းတဲ့ လင်မယားထဲက ဦးသိန်းရွှေရဲ့ သားပါ။ မိဘ လက်ငုတ်ကို ဆက်ခံတာပေါ့ (သူ နတ်ပွဲတော့ လိုက် က ပုံမရဘူး) ။
အဲဒီ တစ်ထုပ်ကို ကျပ်ငွေ ၁၀၀ တဲ့ ။ မုန့်ဟင်းရည် ယူဦးမလားမေးပြီး ယူမယ်ဆိုရင် မုန့်ဟင်းခါးဟင်းရည် တစ်ထုပ် အလကားထည့်ပေးလိုက်သေးတာ ။ ဆိုင်ကို လိုက်ပြီး တစ်ထုပ်ကို ၂၀၀ ၊ ၃၀၀ ၊ ၅၀၀ စ သဖြင့် ယူကြတယ်။ ၅၀၀ ဆိုရင် အထုပ်ကြီးအကြီးကြီးပေါ့ ၊ ပုစွန်ခြောက်မှုန့်တို့ ပဲကြော်တို့ ပါမှာပေါ့ ။ ကျွန်မက အဲဒါတွေ မကြိုက်တော့ ဒီ ၁၀၀ တန် အထုပ်နဲ့ တော်တော်အဆင်ပြေပါတယ်။
အဲဒီ တစ်ထုပ်ကို ကျပ်ငွေ ၁၀၀ တဲ့ ။ မုန့်ဟင်းရည် ယူဦးမလားမေးပြီး ယူမယ်ဆိုရင် မုန့်ဟင်းခါးဟင်းရည် တစ်ထုပ် အလကားထည့်ပေးလိုက်သေးတာ ။ ဆိုင်ကို လိုက်ပြီး တစ်ထုပ်ကို ၂၀၀ ၊ ၃၀၀ ၊ ၅၀၀ စ သဖြင့် ယူကြတယ်။ ၅၀၀ ဆိုရင် အထုပ်ကြီးအကြီးကြီးပေါ့ ၊ ပုစွန်ခြောက်မှုန့်တို့ ပဲကြော်တို့ ပါမှာပေါ့ ။ ကျွန်မက အဲဒါတွေ မကြိုက်တော့ ဒီ ၁၀၀ တန် အထုပ်နဲ့ တော်တော်အဆင်ပြေပါတယ်။
4 comments:
ထမင်းသုပ်..တို့ဟူးသုပ် မကြိုက်လို့ ဒီပိုစ့် သရေမကျဘူးကွယ်
ကြိုက်တယ်
ကြိုက်တယ်... ဘာသုပ်သုပ်ကိုကြိုက်တာ...ခစ်ခစ်..
ုအသုတ်ကြိုက်ပေမယ့် လက်ဆိပ်မရှိတော့ စားမကောင်းဘူးရယ်.. ။
သွားရည်တစ်ပိဿာလောက်ကျသွားတဲ့
ဆုညတ်
ကြိုက်တယ်။ ထမင်းသုပ်ရော တို့ဟူးသုပ်ရော။ ဖြူးမှာနေတုန်း စားခဲ့ဖူးတဲ့ တို့ဟူးသုပ်ကို သတိရရင် ငိုတောင် ငိုချင်တယ်။ :'(
Post a Comment