Tuesday, July 14, 2015

သမီး ၄နှစ် ၄ လ

မှုံကလေး ဒီရက်မှာ The Three Little Kittens သီချင်းကို အမူအယာနဲ့ တပိုဒ်ဆိုပြတယ်.. နောက်တပိုဒ်ကို မေမေ ဆို တဲ့ .. သဘောတကျ လက်ခုတ်တီးအားပေးနေတဲ့ အမေ ဟိုက်ကနဲ ဖြစ်သွားတယ်.. စာသားရတာမဟုတ်.. အလိုက်သာရတော့ (တကယ်တော့ ခက်လှတယ်လဲ မဟုတ်ပဲနဲ့) ရောချပြီးဆိုရတယ်.. အမေ မရဘူး သမီးရဲ့ ပြောမိလို့ .. သူက စိတ်ကောက်သေးတာမို့လို့ ..။
အိပ်ကာနီး အမူအယာနဲ့ ဆိုတာ ဆိုတာ.. ၃ ခေါက် ၄ ခေါက် ၅ ခေါက်..တော်ပါတော့ အိပ်ပါတော့ ချော့ပြောလဲမရ..။ ဗီတိုအာဏာနဲ့ အိပ်ခိုင်းမှ အိပ်ရာဝင်တယ်.. မအိပ်ခင်.. မေမေ မနက်ဖြန်.. အင် အင် အင် အင် နဲ့ မဆိုရဘူးနော်.. တကယ် ဆိုရမှာနော် တဲ့ လက်ညှိုး တထောင်ထောင်နဲ့ ပြောလိုက်သေးတယ်..။
နောက်နေ့ မိုးလင်း မျက်လုံးပွင့်ပွင့်ချင်းပြောတာ the three little kittens တဲ့ .. ဘာရမလဲ.. အင်တာနက်ကရှာ ထားတဲ့ စာသားတွေ ဖုန်းနဲ့ဖွင့် တချက်တချက်ကြည့်ပြီး သွက်သွက်ကြီး ဆိုပြလိုက်တာပေါ့ ...။

မေးကြည့်တော့ ကျောင်းမှာ သူငယ်ချင်းတလှည့် သူတလှည့် ဆရာမ တလှည့် ဆိုရတာတဲ့
နောက်ရက်တွေကျ နောက်သီချင်းတွေ လာချင် လာဦးမှာဆိုတော့ တခါတည်း မှတ်ထားလိုက်တယ်..အေးရော... ။
သီချင်းနောက်ဆုံးနားမှာ We smell a rat close by ဆိုတာ ပါတယ်..အဲဒီနေရာရောက်တော့.. မေမေ.. မေမေ.. ယတ်တယင်း (နတ်တလင်းကိုပြောနေတာ) မှာ ကြွက်ရှိတယ်နော်.. ယတ်တယင်းရောက်ရင် the three little kittens ဆိုမယ်နော် တဲ့ ...။
သူပဲ မှတ်မိတယ်.. ယတ်တယင်း..အဲလေ.. နတ်တလင်းအိမ်မှာ ကြွက်နှာခေါင်းရှည် တစ်ကောင်ရှိတယ်.. အင်မတန်ရဲတယ်.. ဟင်းချက်နေတာကို ဂက်စ်မီးဖိုအောက်ကနေ နှာခေါင်း ထုတ်ထုတ်ပြလို့ အော်ပြးရတာ ခဏခဏ ... ။ အမေလုပ်သူက မေ့နေပြီ..သူပဲ မှတ်မိတယ်..။ http://www.mothergooseclub.com/rhymes_parent.php?id=145

1 comment:

Anonymous said...

Good to read about your family , I always read your Facebook update :) miss the golden blog days, we know you as Sin Dan Lar.
Min