Sunday, July 24, 2016

မှုံမှုံ ၅ နှစ် ၄ လ

ငါးဖေဖေ အလုပ်သွားတဲ့ပုံ အပေါ်က ဖေဖေ့အိတ်.. သော့ခပ်လို့လဲရတယ်တဲ့..။ အမြီးအောက် ကြယ်လေးတွေအောက်မှာ ငါးဖေဖေရဲ့မျက်မှန်.. အဲဒီအောက်က သေးသေးလေးက ငါးမှုံမှုံရဲ့မျက်မှန်တဲ့။ ညာအောက်ထောင့်က မျက်မှန်မဲက မေမေ့မျက်မှန်တဲ့( အပြင်က အမေ့မျက်မှန်က ကိုင်းတင်မဲတာ) ။ မေမေက ဈေးဆိုင်ကိုသွားနေတာ.. မှုံနဲ့မောင်မောင်လဲ လိုက်သွားတယ်.. ဒါကြောင့် ပုံထဲမှာမပါဘူးတဲ့။
သူ့ ပုံစာရွက်လေးကိုလိပ်ပြီး သားရေကွင်းပတ်ထားတယ်။ အိမ်ရှေ့သံပန်းတံခါးမှာ မနက်ကတည်းက သွားညှပ်တယ်။ ဖေဖေပြန်လာရင်မြင်ပြီး ဟယ်.. ဒါ ဘယ်သူဆွဲထားတာလဲဆိုပြီးအုံ့သြသွားအောင်တဲ့။ ဖေဖေက ညနေမှပြန်လာမှာ .. ပြန်မလာခင် ပြုတ်ကျပြီး ကျေမွကုန်ဦးမယ်.. ဖေဖေပြန်ကာနီးမှ သွားညှပ်ထားပါလို့ ပြောလိုက်လို့ သူ့စာရွက်လိပ်ကို မောင်လေးမမီတဲ့ စာအုပ်စင် ဒုတိယထပ်မှာသိမ်းထားတယ်.. ဖေဖေ ပြန်လာရင် တံခါးကြားက စာရွက်လိပ်ကို လူသိသူသိယူပြီး အကျယ်ကြီးအံ့သြဝမ်းသာပြရန်..

2 comments:

Unknown said...

သမီးလေး ချစ်လိုက်တာ

MrDBA said...

ကူညီပြန်လာတော့ ဘာပြောလဲ